အပိုင်း - (၂၄)

925 69 2
                                    

ခိုက် စံအိမ်ကနေပြန်လာပြီး​တော့ S Group ရဲ့ Luxury Furniture Showroom ကို ဦးတည်လိုက်သည်။ ခိုက်ကို ဘယ်သူမှန်းမသိသေးတဲ့ အရောင်းဝန်ထမ်းတွေသာမက customerအချို့ကလည်း ခပ်ချောချောအမျိုးသားတစ်ယောက်တည်းက home acces- soriesတွေ လာဝယ်နေတာကို ကြုံတောင့်ကြုံခဲ့မြင်ရသည်မို့ မျက်တောင်မခတ် တမ်း လိုက်ကြည့်နေကြသည်။

ခိုက်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ရှားသဘောကျလောက်မယ့် ဧည့်ခန်းပရိ ဘောဂတွေကိုသာ အသေအချာရွေးလို့နေသည်။ လိုချင်တဲ့အသုံးအဆောင်တွေကို လက်- ညှိုးထိုးပြပြီး ငွေရှင်းလိုက်တော့ ငွေပမာဏက သုညခုနစ်လုံးထက်မနည်းပေ။

" လူကြီးမင်းရှင့်... ပစ္စည်းပို့ရမယ့် လိပ်စာလေးပြောပေးပါရှင့် "

ငွေရှင်းကောင်တာကကောင်မလေးက လိပ်စာတောင်းတော့ မိုးထိဘွားက လိပ်စာ ကတ်ကို ထုတ်ပေးလာသည်။

" ညနေအရောက်ပို့ပေး "

" ဟုတ်... ဟုတ်ကဲ့ပါရှင့် "

ခိုက်က တစ်ခွန်းသာပြောပြီး အပြင်ကိုထွက်သွားသည်ကြောင့် မိုးထိဘွားလည်း နောက်ကနေသာ အမြန်လိုက်လာရသည်။

| { | {

ကားမောင်းနေရင်းနဲ့ နောက်ကြည့်မှန်ကနေ ခဏခဏလှမ်းကြည့်နေတဲ့မိုးထိဘွား ကြောင့် ခိုက် tabletကို ကြည့်နေရာကနေ မိုးထိဘွားဆီ အကြည့်လွှဲလိုက်သည်။

" ပြောစရာရှိလို့လား "

" ဗျာ.. ဟုတ်... တစ်ခုတော့ရှိပါတယ် "

" ဘာလဲ ပြော... ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြော.. "

" ဂိုဏ်းဘက်က အကြောင်းကြားလာလို့ပါ... ပစ္စည်းတွေသိမ်းချိန်ရောက်နေပြီတဲ့... အဲ့ဒါ အစ်ကိုလေး ဘယ်တော့ပြန်လာမလဲဆိုပြီး မေးနေကြတယ် "

ခိုက် မျက်ခုံးစပ်နေရာကို လက်ညှိုးနဲ့သာသာကုတ်ခြစ်ရင်း ကားမှန်အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။

" နှစ်ပတ်လည်က နောက်နှစ်ပတ်နေရင်မလား "

" ဗျာ... ဟုတ်.. ဟုတ်ကဲ့.. နောက်လပထမအပတ်ရဲ့ တနင်္ဂနွေနေ့ပါ.. "

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now