အပိုင်း - (၃၂)

877 63 0
                                    

        ညနေဂျူတီချိန်လဲပြီးတော့ ရှား အိမ်ပြန်ဖို့ အပြင်ထွက်လာခဲ့သည်။ ဆေးရုံဝင်း အပြင်ရောက်တော့ ကိုမင်းထည်ဝါက သူ့ကားကိုမှီပြီးရပ်နေရင်းကနေ ရှားဆီကိုလျှောက် လာသည်။ ရှား မျက်နှာကို တစ်ဖက်လှည့်ပြီး သက်ပြင်းချလိုက်သည်။

" မြတ် ပြန်တော့မလို့လား "

" ဟုတ်ကဲ့ "

" ညနေအတွက် ချိန်းထားတာရှိလား "

ရှားဘက်က သဘောမကျဘူးဆိုပေမယ့် တစ်ဖက်လူရဲ့ ဂုဏ်သိက္ခာနဲ့ အနေအထား က ရှိသေးတာကြောင့် ပစ်ပစ်ခါခါ ပြောပစ်လိုက်ဖို့ကမသင့်။ အလိုက်အထိုက်သာ ပြန် ဖြေရသည်။

" ချိန်းထားတာတော့ မရှိပါဘူး "

" ဒါဆို အစ်ကိုနဲ့အတူ dinner လိုက်စားဖို့ ဖိတ်လို့ရမလား "

" ဖိတ်ခေါ်မှုကို ကျေးဇူးတင်ပေမယ့် ကျွန်တော်ငြင်းပါရစေ... ကျွန်တော် အပြင်စာ တွေစားရတာ မကြိုက်လို့ပါ "

" ဪ... အပြင်စာ စားရတာမကြိုက်ဘူးလား... ဒါဆို မြတ်ကို ထမင်းဖိတ်ကျွေးဖို့ အစ်ကို ထမင်းဟင်းချက်တတ်အောင် သင်ထားရတော့မယ်နဲ့တူတယ် "

" ကျွန်တော့်ကို ခွင့်ပြုပါဦး "

ကိုမင်းထည်ဝါက ဟာသနှောပြီးပြောနေပေမယ့် ရှားအတွက် ရယ်စရာတစ်ခုဖြစ် မနေတာကြောင့် စကားဖြတ်ပြီး ရှောင်ထွက်ဖို့ပြင်လိုက်သည်။ ဒါပေမဲ့ ကိုမင်းထည်ဝါက ရှားသွားမယ့်လမ်းကို ကာရပ်လိုက်ပြီး ရှားအနားကိုအနီးဆုံးကပ်လာသည်မို့ ရှား အနောက်ဘက်နည်းနည်းပြန်ဆုတ်သွားသည်။

" အစ်ကို့ကို ဘာလို့ ဒီလောက်တောင်စိမ်းနေရတာလဲ..​ မြတ်.. စောဇေလင်းတို့ လောက် မခင်ရင်တောင် အနည်းဆုံး​တော့ ဆေးရုံတစ်ခုတည်းမှာ အတူအလုပ်လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ ခင်မင်ခွင့်ပေးသင့်တယ် မဟုတ်ဘူးလား "

စကားပြောနေရင်းနဲ့ တဖြည်းဖြည်းအရှေ့တိုးလာတဲ့ကိုမင်းထည်ဝါကြောင့် ရှားက သူနဲ့ကားကြားထဲမှာ ပိတ်မိနေသည်။

" ဆေးရုံက လုပ်ဖော်ကိုင်ဖက်တိုင်းကိုခင်ပါတယ်... အစ်ကိုမင်းထည်ဝါကလည်း ကျွန်တော့်ရဲ့ စီနီယာတစ်ယောက်ပဲမို့ ကျွန်တော်လေးစားပြီးသားပါ... ကျွန်တော်ကိုယ်- တိုင်က လူတွေအများကြီးနဲ့ ရောထွေးမနေတတ်ပေမယ့် အားလုံးကို တန်းတူပဲသဘော ထားပါတယ်... ကျွန်တော့်ကို လမ်းဖယ်ပေးလို့ ရမလားဗျာ့ "

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now