အပိုင်း - (၃၁)

882 69 0
                                    

        ရှား ဆေးရုံဝင်းထဲကို ဝင်သွားပြီးတဲ့အချိန်ထိ ခိုက် အနောက်ကနေသာ တိတ်တ- ဆိတ် လိုက်ကြည့်နေသည်။ ရှားပုံရိပ်လေးမျက်စိထဲက ပျောက်ကွယ်သွားတော့မှ မိုးထိ ဘွားကို တစ်နေရာကို မောင်းခိုင်းလိုက်သည်။ အဲ့ဒါကတော့ သူ့ဒယ်ဒီရဲ့စံအိမ်ဆီကိုပဲ ဖြစ်သည်။

သတိုးရှန်ခိုက်က ဥတုရှားမြတ်ကလွဲရင် ကျန်တဲ့လူတွေအပေါ်မှာ နားလည်သည်းခံ စိတ် တစ်စိုးတစ်စဉ်မှမရှိဘူးဆိုတာ သိအောင်ပြောပြရမယ်မဟုတ်လား။

ခိုက် စံအိမ်ကိုရောက်တော့ အိမ်တော်ထိန်းက အပြေးအလွှာနဲ့ ဆီးကြိုလာသည်။ မိုးထိဘွားကတော့ ကားပေါ်မှာပဲ စောင့်ကျန်နေခဲ့သည်။ ခိုက်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ပွဲတစ်ခုခုလုပ်ဖို့ စီစဉ်ထားပုံရတဲ့ကော်နီပေါ်ကို ခိုက် နင်းလျှောက်ပြီး အိမ်ထဲ ဝင်လာသည်။ ဧည့်ခန်းထဲမဝင်ခင် လှမ်းမြင်နေရတဲ့ထမင်းစားခန်းက အခင်းအကျင်း တွေကို ခိုက် တစ်ချက်လှမ်းကြည့်လိုက်သည်။

(အဟက်...သူများကို စိတ်အနှောင့်အယှက်ပေးထားပြီး ပါတီကျင်းပဖို့ စိတ်ကူးထား သေးတာလား)

ခိုက် ဧည့်ခန်းထဲကို လျှောက်ဝင်လာလိုက်ပြီး ဆိုဖာပေါ်မှာ ပစ်စလတ်ခတ်ထိုင်ချ လိုက်ပြီး ဆက်တီစားပွဲပေါ်ကို ခြေထောက်တင်ထားလိုက်သည်။ အိမ်တော်ထိန်းနဲ့ အိမ် တော်ဝန်ထမ်းတွေက မျက်နှာပျက်သွားကြပြီး တစ်ခုခုကို စိုးရိမ်နေတဲ့ပုံနဲ့ အပေါ်ထပ်ကို လှမ်းကြည့်နေသည်။

ခိုက်ကတော့ ဘာကိုမှ အမှုမထားဘဲ ကုတ်အတွင်းအိတ်ထဲက ဆေးလိပ်တစ်လိပ် ကို ထုတ်ပြီးရှိုက်ဖွာနေလိုက်သည်။ ဆေးလိပ်ပြာတွေကို ပြာခွက်ထဲမခြွေချဘဲ ကြမ်းပြင် ပေါ်မှာသာ ပြန့်ကျဲစေသည်။ သိပ်မကြာခင်မှာဘဲ အပေါ်ထပ်ကဆင်းလာတဲ့ဖိနပ်သံနှစ်ခု ကို ကြားလိုက်ရတာကြောင့် ခိုက် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

" ဒါက ဘယ်လိုအပြုအမူလဲ သား "

ခိုက် ထိုင်နေတဲ့အရှေ့ကို ဒယ်ဒီကရောက်လာပြီး မေးလာသည်။ ခိုက်က သောက် လက်စဆေးလိပ်ကို စားပွဲအစွန်းမှာ တင်လိုက်သည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now