အပိုင်း - (၄)

4.3K 262 8
                                    

ဒေါက် ဒေါက် ဒေါက်

" ဝင်ခဲ့ ... "

ဆယ်မိနစ်လောက်ကြာတော့ မိုးထိဘွားနဲ့မက်စ်က လင်ပန်းကိုယ်စီကိုင်ပြီး အပေါ်တက်လာသည်။ အငွေ့တထောင်းထောင်းထ,နေတဲ့ကြက်သားစွပ်ပြုတ်ကြောင့် ရှားရဲ့အူမကြီးက အဆမတန်ကိုအလုပ်လုပ်လာသည်။

ဂွီ...ဂွီ

တံထွေးခိုးမြိုချနေတုန်း ဗိုက်ထဲကကြေးစည်သံလိုထွက်လာတာကြောင့် အကုန် လုံးက ရှားကိုကြည့်လာသည်။ ရှက်သွားပြီးခေါင်းပြန်ဖော်မလာတော့သော ရှားကိုကြည့် ရင်းခိုက်ပြုံးမိတော့ မိုးထိဘွားနဲ့မက်စ်က အချင်းချင်းမျက်စ,ပစ်သည်။ ' ဒါ ငါတို့ဂိုဏ်းချုပ် မှ ဟုတ်ရဲ့လား ' ဆိုတဲ့သဘောနဲ့ ။

သူတို့အလုပ်အတူလုပ်ခဲ့တာ ဂိုဏ်းချုပ်ဆယ့်သုံးနှစ်သားအရွယ်လောက်ထဲက။ ထိုအချိန်ကတော့ ဂိုဏ်းချုပ်အနေနဲ့မဟုတ်ပဲ ဂိုဏ်းရဲ့လေ့ကျင့်ရေးတပ်သားအဖြစ်နဲ့သာ သူတို့သုံးယောက်အတူဆုံခဲ့ကြသည်။

ငယ်ငယ်လေးနဲ့အရာရာမှာထက်မြက်လွန်းတဲ့ကောင်လေးက ငါးနှစ်ကြာပြီး အသက်ပြည့်ချိန်မှာတော့ လက်ရှိဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်လာခဲ့သည်။ သိကျွမ်းလာခဲ့တာ ဆယ်နှစ်လောက်ရှိပြီဆိုပေမယ့် တစ်စုံတစ်ယောက်ကိုပြုံးပြဖို့မဆိုထားနှင့်။ မိဘတွေနဲ့ တွေ့ရင်တောင် အေးတိအေးစက်ပဲနေတတ်တဲ့ဂိုဏ်းချုပ်က ဒီဆရာဝန်လေးကိုတော့ ပြုံး ကြည့်နေခဲ့သည်။

" ရ... ရတယ်... အဲ့လောက်မအေးဘူး "

ရုတ်တရက်ကြီး သူဝတ်ထားတဲ့အပေါ်ကုတ်အင်္ကျီကို ရှားကိုယ်ပေါ်ခြုံပေးလာ တာကြောင့်လန့်သွားပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ငြင်းမိတော့ ရှားအနားကို တိုးတိုးလေး ကပ်ကာ ပြောလာသည်။

" ဒေါက်တာ့ ကိုယ်ပေါ်ကတစ်ချို့အရာတွေကို ဘယ်သူ့ကိုမှ မတွေ့စေချင်ဘူး... ဘာလို့လဲဆိုတော့ အဲ့ဒါတွေနဲ့ ဒေါက်တာက သိပ်ပြီးဆွဲဆောင်မှုရှိနေတော့ သူများတွေကို မမြင်စေချင်ဘူး "

ရှားလက်တို့ကတုန်ကယင်ဖြစ်လာပြီး ကိုင်ထားသည့်ဇွန်းပင်လွတ်ကျသွားသည် ။ ဘာမှန်းမသိပေမယ့် ဒီကောင့်အနားနေရတာအန္တရာယ်များလွန်းသည်။ တကယ်ကိုပဲ စားနေကြကြောင်ပါးကြီးတွေလိုပင်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now