အပိုင်း - (၂)

6.6K 374 30
                                    

ရှား အိပ်မက်ထဲမှာခေါင်းဆင်နင်းခံရသည်ဟုမက်ပြီး လန့်နိုးလာခဲ့သည်။ မျက် လုံးတို့က ချက်ချင်းမဖွင့်နိုင်သေး။ တကယ်လည်း ရှားတစ်ကိုယ်လုံး ဆင်နင်းခံထားရသ လိုပင် နာကျင်နေသည်။

" အာ့!! ကျွတ်!! ကျွတ်!! ... တကယ်ဆင်နင်းခံလိုက်ရတာလား .."

ညည်းတွားရင်းမျက်လုံးကို ဖြည်းဖြည်းချင်းအားယူဖွင့်ကြည့်မိတော့ သူ မရင်းနှီး သည့်အခန်းကျယ်တစ်ခု။ လက်နှစ်ဖက်နှင့် မျက်လုံးအစုံကိုပွတ်သပ်နေရင်း သတိထားမိ သွားသည်က မတန်တဆကြီးလွန်းနေသည့် ညဝတ်အင်္ကျီကိုပင်။ ဦးနှောက်ကိုအလျင်အ မြန်အလုပ်ပေးပြီးနောက်မှာတော့ ညကဖြစ်ပျက်ခဲ့သမျှကို အနှေးပြကွက်များလိုတရေး ရေးနှင့် ထင်ထင်ရှားရှား မှတ်မိလာတော့သည်။

*** Flash Back ***

ခပ်ကြောင်ကြောင်ရွေးချယ်မှုတွေသာ လုပ်ခိုင်းနေသည့်မျက်စိရှေ့က သကောင့် သားကို ရှား ထရိုက်ချင်စိတ်တွေတဖွားဖွားပေါ်လာသည်။ တစ်ကိုယ်လုံးကိုဖိပြီးချုပ်ထား တာကြောင့် လွတ်နေတဲ့ခေါင်းကိုသုံးပြီး ရှား သူ့မျက်နှာကိုတိုက်ချလိုက်သည်။

" အာ့!!! ခင်ဗျား "

အရှိန်မများပေမယ့် မျှော်လင့်မထားသောတုံ့ပြန်မှုကြောင့် ခိုက်နှာခေါင်းကို ဆောင့်မိသွားသည်။ နာကျင်သွားတဲ့နှာခေါင်းကို လက်တစ်ဖက်နဲ့ဖိပြီးပြန်ထလိုက်ချိန်မှာ ခိုက်ကိုတွန်းဖယ်ပြီး ထွက်ပြေးဖို့ကြံနေတဲ့ဒီဒေါက်တာဆိုးလေးကို ခိုက် နည်းနည်းပညာ ပေးမှဖြစ်တော့မည်။

" ဒေါက်တာ့ကိုကြည့်ရတာ ခပ်ကြမ်းကြမ်းမှသဘောကျတာထင်တယ် "

" မင်း မင်း ဘာလုပ်တာလဲ.. ငါ့ကို လွှတ်စမ်း .. လွှတ်လို့ပြောနေတယ်လေ "

သူဘာပြောပြော ခိုက် ဂရုစိုက်တော့။ ခိုက်ကို မဆင်မခြင်တုံ့ပြန်လိုက်ခြင်းက သူ့သေတွင်းသူတူးလိုက်ပြီဖြစ်သည်ကို ဒေါက်တာဆိုးတစ်ယောက်မသိ။ ခိုက်ကိုထိလာ ရင် တစ်ဖက်လူကိုနှစ်ဆပိုနာကျင်အောင် နှစ်ဆပိုနစ်နာအောင် ပညာပြန်ပေးတတ်တာ က ခိုက်အကျင့်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now