အပိုင်း - (၅)

4.3K 277 20
                                    

ရှား ဖုန်းစက်ပိတ်ပြီး အိမ်ကိုမြန်မြန်လျှောက်လာသည်။ အိမ်ပြန်ရောက်သွားရင် သူ့အတွက်ဘေးကင်းလုံခြုံသွားမည်။ သို့သော်လည်း အထင်နဲ့အမြင်လွဲမှားစွာပင် သူ့ရှေ့ မှာရပ်နေတဲ့ကားတစ်စီးကြောင့် ရှားပြန်လှည့်ဖို့ပြင်သည်။ ဒါပေမဲ့လည်းမမှီတော့။ သူ့အနောက်ဘက်မှာလည်း ဗလတောင့်တောင့်နဲ့လူသုံးယောက်က ပိတ်ရပ်ထားလေသည်။

" ခင်ဗျားတို့.. မဟုတ်တာမလုပ်နဲ့နော်... ကျွန်တော် အော်လိုက်မှာ "

ခေါင်းဆောင်ဖြစ်ဟန်ရှိသူက သူ့အနားကိုလျှောက်လာရင်း ဘောင်းဘီအိတ်ကပ် ထဲကတစ်ခုခုကိုဆွဲထုတ်နေတာကြောင့် ရှားအော်မလို့ပြင်လိုက်ပေမယ့် သူ့အရှေ့ကို ရောက်လာသည်က ဖုန်းတစ်လုံးဖြစ်နေသည်။

" ဘာ.. ဘာလဲ "

" အစ်ကိုလေးက ဒီဆရာလေးကို ဖုန်းပေးလိုက်ဖို့ ပြောလို့ပါ "

ရှားငှားနေတဲ့ရပ်ကွက်ကလူခြေတိတ်ပြီး လူသွားလူလာနည်းလွန်းသည့်အတွက် တော်တန်ရုံဆို ဘယ်သူ့ကိုမှအလွယ်တကူအကူအညီတောင်းဖို့မလွယ်။ ကမ်းပေးလာတဲ့ ဖုန်းကို ခြေရောလက်ရောအကုန်ခါပြီး ရှားငြင်းသည်။

" မယူချင်ဘူး။ ခင်ဗျားတို့အစ်ကိုလေးနဲ့ ပတ်သက်စရာအကြောင်းမရှိတော့ဘူး။

ကျွန်တော့်ကို ဒီထက်ပိုပြီးမနှောင့်ယှက်ပါနဲ့တော့ "

" အစ်ကိုလေးက ဒီကဆရာလေးဖုန်းမကိုင်မချင်း အိမ်ရှေ့ကမပြန်ရဘူးမှာလိုက် လို့ပါ "

" ဒီမှာ ကျွန်တော် ပြောပြီး....."

ရှားစကားမဆုံးသေးခင်မှာ ဖုန်းထပ်မြည်လာသည်။ ကြည့်လိုက်တော့ သတိုး ရှန်ခိုက်ဆီကပင်။ ဖုန်းကိုင်ထားတဲ့လူကတော့ ရှားမကိုင်မချင်းအိမ်ရှေ့မှာ တကယ်ရပ်နေ မယ့်ပုံမို့ ရှားစိတ်ဆိုးမာန်ဆိုးနဲ့ ဖုန်းကိုဆွဲယူပြီးဖြေလိုက်သည်။

" ဘာလဲ...ဘာလဲ.. ဘာပြောဦးမလို့လဲ ပြော..."

" ဝိုး... ဝိုးး.. ဝိုးးး ...စွာလိုက်တာကွာ "

" ဒီမှာ သတိုးရှန်ခိုက်။ မင်းရဲ့ ရူးကြောင်ကြောင်လုပ်ရပ်တွေကို ရပ်တန်းက ရပ်ပါ။ ငါ မင်းနဲ့အတူ လိုက်မရူးပေးနိုင်တော့ဘူး "

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now