အပိုင်း - (၁၇)

1.8K 119 1
                                    

နင်ဟာအတောင်ပါတဲ့ငှက်ပါ
ငါကလွင့်ပါးတဲ့ ရော်ရွက်ဝါ
အဆင်ပြေလေလာတုန်းအခိုက်မှာ
ကြည်နူးမြူးခဲ့ရတယ် တစ်ရံတစ်ခါ....

ကိုလင်းတစ်ယောက် နှစ်ထပ်ကုတင်အပေါ်ထပ်မှာ ဟိုဘက်လိမ့်လိုက် ဒီဘက်လိမ့်လိုက်နဲ့ နားနှစ်ဖက်ကို လက်နဲ့အုပ်ပြီး အိပ်နေသည်။

ဆေးရုံဝန်ထမ်းတစ်ချို့က နယ်လှည့်ကျန်းမာရေး သွားကြသည့်အတွက် ကျန်ခဲ့တဲ့လူအင်အားနဲ့ ဆေးရုံလည်ပတ်မှုကို ဆက်ထိန်းထားသည်ကြောင့် ဂျူတီချိန်တွေက ဆက်တိုက်ဖြစ်နေသည်။

မနေ့က night duty ဝင်ရပြီး ဒီနေ့မနက် day duty လည်း ဆက်ယူရသည့်အတွက် လူနာရှင်းချိန်လေး နားနေခန်းပြန်လာပြီး ခဏအိပ်နေခြင်းဖြစ်သည်။

အိပ်ချိန်ခဏကို မနက်ကမှ ဂျူတီဝင်လာတဲ့ ကိုကိုလေးဉတုရှားမြတ်က နားဒုက္ခပေးနေသည်မို့ ဆက်မအိပ်နိုင်တော့တဲ့အဆုံး အိပ်စင်ကနေ ဆင်းလာခဲ့သည်။

" ကိုကိုလေးမြတ်... ကျွန်တော်မျိုးကို ခဏလောက် အိပ်ခွင့်ပေးပါလား "

ကိုလင်းပြောလိုက်တော့ မထုံတတ်တေးလေးက စာကြည့်ခုံပေါ် လက်တင်ထားပြီး ခေါင်းစောင်းလှဲနေရာက ပျင်းတိပျင်းရွဲ့နဲ့ ထ,လာသည်။ ပြီးတော့မှ ဖွင့်ထားတဲ့သီချင်းကို ခဏရပ်လိုက်ပြီး ကိုလင်းကို မျက်မှောင်ကြုံ့ပြီး ကြည့်လာသည်။

" ကိုယ့်ဘာသာကိုယ် အိပ်ပါလား... ကျွန်တော်က ဘာလုပ်နေလို့လဲ "

အော်... မေးတတ်ပါဘိ..။ ကျွန်တော်က ဘာလုပ်နေလို့လဲလို့ မေးတဲ့သူက မနက်ဂျူတီဝင်လာကတည်းက အဲ့ဒီသီချင်းတစ်ပုဒ်ထဲ ဖွင့်ပြီးနှိပ်စက်နေတာလေ။ သီချင်းနားထောင်တာကို သူမပြောလိုပါဘူး။

ဒါပေမဲ့ ဒီတစ်ပုဒ်ထဲကိုပဲ အခါသုံးဆယ်ထက်မနည်း ဖွင့်နေတာကတော့ နည်းနည်းပြောစရာဖြစ်သွားပြီးမို့ ကိုလင်း ဘေးနားက ထိုင်ခုံတစ်လုံးကိုဆွဲပြီး ဒေါက်တာမြတ်ကလေးရှေ့မှာ ထိုင်လိုက်သည်။

" မင်း ... ဘာဖြစ်နေတာလဲ... အရင်ရက်ကတော့ တစ်တီးတူးရုပ်နဲ့ အခုက အချစ်နာကျလာတာလား.. ဘာလဲ "

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now