အပိုင်း - (၃၀)

1K 72 1
                                    

        " ကိုယ် မင်းကိုဒီလိုပုံစံမျိုးနဲ့တော့ လက်မထပ်နိုင်ဘူး... ရှား "

ခိုက်ဆီက အငြင်းစကားသံကိုကြားတော့ ရှားက ခြောက်ကပ်အက်ကွဲနေတဲ့အသံနဲ့ ရယ်မောလာသည်။ ခိုက် နားမလည်နိုင်စွာနဲ့ ရှားကို ငေးမောကြည့်နေမိတော့သည်။ ရှားကတော့ ခိုက်ကိုဂရုမစိုက်ဘဲ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး ခိုက်ကို တည့် တည့်စိုက်ကြည့်ရင်း ပြောလာသည်။

" ကောင်းပြီလေ... မင်း လက်မခံနိုင်ဘူးဆိုတော့လည်း ငါ ဒီမှာဆက်နေစရာ ဘာ အကြောင်းမှ မရှိတော့ဘူးပေါ့ "

" ကိုယ် မင်းကိုထွက်သွားခွင့်မပြုနိုင်ဘူး... ရှား!!! "

" ဘာလုပ်တာလဲ... သတိုးရှန်ခိုက်... ငါ့ကိုလွှတ် "

ခိုက်က ရုတ်တရက်ဆိုသလိုပဲ ရှားကိုလက်ကိုဆွဲပြီး ဆိုဖာပေါ်မှာပြန်ထိုင်စေသည်။ ရှားရဲ့ ဘေးဘက်ကဆိုဖာပေါ်ဒူးတစ်ဖက်ထောက်ထားပြီး ရှားပခုံးနှစ်ဖက်ကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ရှားကို အုပ်မိုးပြီးကြည့်လာသည်။

" မလွှတ်ဘူး... ကိုယ့်ဆီကနေ မင်းကိုယ်တိုင်မပြောနဲ့... မင်းရဲ့ဝိဉာဉ်ကိုတောင်

ထွက်သွားခွင့်မပြုဘူး "

နီရဲနေတဲ့မျက်လုံးအစုံက အားကောင်းလာတော့မယ့် မုန်တိုင်းတစ်ခုအသွင်ကို ဆောင်နေသည်။ သွေးဆာနေတဲ့သားရဲတစ်ကောင် အသွင်ဖြစ်နေတဲ့ခိုက်လက်ထဲကနေ ရှား အတင်းတွန်းထိုးရုန်းကန်နေသည်။

" မင်း အနိုင်မကျင့်နဲ့... ငါ့ကိုလွှတ်ပေး "

ဒုန်း!! ... ခလွမ်း!!

ရုန်းရင်းကန်ရင်းနဲ့ ခိုက်ကို ရှားတွန်းထုတ်လိုက်တော့ ခိုက် ဟန်ချက်ပျက်သွားပြီး စားပွဲပေါ်မှာ အလှတင်ထားတဲ့ပန်းအိုးက ကျကွဲသွားကာ ခိုက် ခြေထောက်ကို စူးမိသွား ပြီး သွေးတွေထွက်လာတော့သည်။

" ငါ့ကိုလွှတ်ပေး!!!... ငါ့ကိုလွှတ်ပေးလို့ "

အသားနာရင် ဒေါသထွက်တတ်တဲ့ဥာဥ်ဆိုးက ပြန်ပေါ်လာပြီး သွေးထွက်နေတဲ့ ခြေထောက်ကိုပင် ဂရုမစိုက်အားဘဲ ရှားကို ပခုံးပေါ်ထမ်းတင်ပြီး အိပ်ခန်းထဲကို ခေါ်သွား တော့ ရုတ်တရက်မို့ ရှားလည်း ကြောင်အသွားပြီး အငိုက်မိသွားသည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now