အပိုင်း - (၃)

4.8K 281 15
                                    

" အား!!!... ဟိုခွေးသားတော့ "

ရှား အကျယ်ကြီးအော်လိုက်သည်။ ဒီအခြေအနေမှာ သူ့ရဲ့ဆရာဝန်ပုံရိပ်ကို လည်း ထိန်းမထားနိုင်တော့။ ဒီလိုအခြေအနေမှာ ဆရာဝန်ဖြစ်နေတာက ဘာအရေးလဲ။ ဆရာဝန်လည်း သွေးသားနဲ့ဖွဲ့စည်းထားပြီး နာကျင်ခံစားတတ်တဲ့လူတစ်ယောက်ပဲလေ။

ညက သူအော်ဟစ်သောင်းကျန်းပြီးတော့ ရေငတ်လာ၍သောက်လိုက်မိသည်က ပါကင်ပိတ်ထားသော ရေသန့်ဘူးသာဖြစ်သည်။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ဒီလိုတွေဖြစ် သွားရလဲဆိုတာကို သူမသိ။ သူသတိထားမိတဲ့အချိန်မှာ လက်လွန်သွားပြီဖြစ်သည်။

တစ်ခန်းလုံးကိုမျက်လုံးနဲ့အမြန်ဝေ့ကြည့်မိတော့ ဟိုခွေးသားရဲ့အရိပ်ယောင်ကို မတွေ့တာကြောင့် ရှား ခုတင်ပေါ်က ဖြည်းဖြည်းချင်းဆင်းပြီး ရေချိုးခန်းလို့ထင်ရတဲ့ အခန်းဆီ လျှောက်လာသည်။ သူဖြေရှင်းရမယ့်ကိစ္စကထိပ်ဝကိုရောက်နေပြီမို့ မလှမ်းချင် လို့လည်း မရတော့။

အရေးကြီးကိစ္စကိုဖြေရှင်းပြီးလို့ ဘေစင်မှာလက်ဆေးရင်း မှန်ထဲမှာပေါ်နေတဲ့ သူ့ကိုယ်သူပြန်ကြည့်မိတော့ လည်ပင်းနားတစ်ဝိုက်မှာစုန်းကိုက်ခံရသလို အကွက်တို့က ဟိုတစ်ကွက်ဒီတစ်ကွက်။

လောကကြီးက တရားကျဖို့ကောင်းသည်။ ရှားလိုတစ်ကောင်ကြွက်တစ်မျက်နှာ ကိုယ့်အားကိုယ်ကိုးနေရတဲ့လူတွေအပေါ်ဆို ဘယ်တော့မှမျက်နှာသာမပေး။ ငယ်စဉ်က မိဘမဲ့တစ်ယောက်မို့ အနှိမ်ခံရသလို ကိုယ့်ကြိုးစားမှုကြောင့် ဆေးကျောင်းတက်ရန် ထောက်ပံ့ခံရတော့လည်း တိုက်ခိုက်ကြသည်။

ဘဝမှာ တစ်ယောက်တည်းရှင်သန်နေထိုင်လာရင်း ချစ်ရသူတစ်ယောက်ရှိလာ သည်။ အချိန်တွေအကြာကြီး နှစ်ယောက်သားချစ်ခဲ့နားလည်ခဲ့ကြပေမယ့် အဆုံးသတ်မှာ ငွေကြေးမချမ်းသာခြင်းက သူ့အားနည်းချက်တစ်ခုဖြစ်လာပြန်သည်မို့ လမ်းခွဲခဲ့ကြသည်။ အခုလည်းနေရင်းထိုင်ရင်း ကံကြမ္မာဆိုးက သူ့ဆီကိုတည့်တည့်ကြီးရောက်လာပြန်သည်။

သူ ဘာတွေများမှားယွင်းခဲ့လို့လဲ။

ရှား ရေအကြာကြီးထိတွေ့လိုက်တော့ စိတ်ရောကိုယ်ပါအဆင်မပြေမှုတွေက အတော်သင့်သက်သာသွားသည်။ ရေချိုးခန်းထဲကနေအပြင်ထွက်လာတော့ သူ့အင်္ကျီက အမှိုက်ပုံးထဲရောက်နှင့်နေပြီဖြစ်သည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now