အပိုင်း - (၂၉)

826 66 1
                                    

ညနေစောင်းတဲ့အထိ ပြန်မလာသေးတဲ့မြတ်ကြောင့် ကိုလင်းတစ်ယောက် စိတ်မ အေးနိုင်ဘဲ ဆေးရုံအဝင်ပေါက်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း မျှော်နေမိ သည်။ ဘာမှန်းမသိရသေးတဲ့အခြေအနေဖြစ်တာကြောင့် ပိုးကိုအသိပေးလို့ကလည်း မ ဖြစ်ပြန်။ စိတ်မြန်လက်မြန်ရှိလှတဲ့ကိုယ့်ချစ်သူအကြောင်း ကိုယ်သာအသိဆုံးမို့။

ကိုလင်းစောင့်နေတုန်းမှာပဲ နေ့လယ်က မြတ်ကိုခေါ်သွားတဲ့ကားက ဆေးရုံရဲ့အဝင် ပေါက်မှာ ရပ်လာခဲ့သည်။ ကိုလင်းလည်း ချက်ချင်းဆိုသလိုပဲ ကားနားကို အလင်းလို အလျင်နဲ့ အမြန်လျှောက်လာသည်။ ' ဘာတွေဖြစ်လာလဲ ' လို့ မေးစရာမလိုအောင်ပင် ကားပေါ်က ဆင်းလာတဲ့မြတ်က မျက်နှာတစ်ခုလုံး သွေးတစ်စက်မှ မရှိတော့သလိုပင် ဖြူဖျော့လို့နေသည်။

" မြတ်... မင်း အဆင်ပြေရဲ့လား "

သူမေးလိုက်တော့ ခံစားချက်မဲ့နေတဲ့မျက်လုံးတွေနဲ့ ကြည့်လာပြီး အသက်မပါသလို ခေါင်းတစ်ချက်သာ ညိတ်ပြလာသည်။ သတိုးရှန်ခိုက်ရဲ့အဖေက ဘယ်လောက်တောင် ပြောလိုက်တာမို့လို့လဲ။ မေးစရာတွေ သိချင်တာတွေ အများကြီးရှိနေပေမယ့်လည်း အခု ချိန်မှာ မြတ်က ဖြေချင်စိတ်ရှိမယ်လို့ မထင်မိတာကြောင့် ကိုလင်းလည်း ဘာမှဆက် မမေးတော့ဘဲ မြတ်ဘေးနားမှာသာ အရိပ်အခြေကြည့်ပြီး ရပ်နေလိုက်သည်။

" ကိုလင်း ကျွန်တော့်ကို အိမ်ပြန်ပို့ပေးလို့ရမလား "

" ဟမ်.. အင်း... ရတယ်လေ.. ရတယ် .. ခဏစောင့် ငါ ကားသော့သွားယူလိုက်ဦး မယ် "

ကားမောင်းလာတဲ့တစ်လျှောက်လုံး ဘေးပတ်ဝန်းကျင်ကိုသာ ကြည့်လာခဲ့တဲ့မြတ် က အိမ်ရာဝင်းထဲကိုဝင်တော့ ကိုလင်းကို စကားပြောလာသည်။

" ကိုလင်း "

" အင်း.. ပြောလေ "

" ဒီနေ့ကိစ္စကို မပိုးကို မပြောပါနဲ့ဦး ... ကိုလင်းပဲ သိထားပေးပါ "

" အေးပါကွာ... မင်း တစ်ယောက်တည်းနေလို့ အဆင်ပြေရဲ့လား... ငါ အဖော်နေ ပေးရမလား "

ကားပေါ်ကဆင်းဖို့ပြင်နေတဲ့မြတ်ကို ကိုလင်းမေးလိုက်တော့ သူ့ဘက်ကို ပြန်လှည့် လာပြီး ခေါင်းညိတ်ပြလာသည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now