အပိုင်း - (၁၉)

2K 117 0
                                    

အချစ်လေညင်းလေးတွေ တိုက်ခတ်လာချိန်မှာတော့ သူတို့နှစ်ယောက်လုံး၏ နှလုံးသားရာသီဥတုတွေကကောင်းမွန်နေသည်။ အချစ်ရဲ့ဖလှယ်ရဂုဏ်သတ္တိတွေ ထပ်တူ ကျသွားပြီးတဲ့နောက် ရှားက ထူးထူးခြားခြားပြောင်းလဲသွားတာမရှိပေမယ့် ခိုက်ကတော့ ချက်ချင်းကြီးကို ပြောင်းလဲလာသည်။

နှစ်ယောက်လုံးရေချိုးအဝတ်အစားလဲ၊ ညစားစားတဲ့အချိန်အထိအကောင်းတိုင်း ရှိနေတဲ့ သတိုးရှန်ခိုက်က ညအိပ်ချိန်ရောက်တော့ ခေါင်းအုံးတစ်လုံးပိုက်ပြီး ရှားအခန်း ထဲရောက်လာသည်။

ရှားကစာထဲအာရုံရောက်နေတာကြောင့် ခိုက် အခန်းထဲဝင်လာတာ ကို သတိ မထားမိလိုက်။ ခိုက်က ခြေသံဖွဖွနင်းရင်း ရှားအနောက်ဘက်ရောက်လာပြီး ရှားကို သိုင်းဖက်လိုက်တာကြောင့် ရှားလန့်သွားသည်။

" အသံမပေး ဘာမပေးနဲ့ ဘယ်လိုလုပ်ပြီး ငါ့အခန်းထဲ ဝင်လာတာလဲ... "

ရှားက ခေါင်းလှည့်ပြီးမေးလိုက်တော့ ခိုက်မျက်နှာနဲ့ နီးကပ်လို့သွားသည်။ အခွင့် အရေးကို လက်လွတ်မခံတဲ့ခိုက်က ရှားပါးပြင်လေးထဲကို နှာခေါင်းနစ်ဝင်သွားတဲ့အထိ

နမ်းရှိုက်လိုက်သည်။

" မွှေးနေတာပဲကွာ... ထပ်နမ်းချင်သေးတယ်.. "

ပါးကိုမွှေးကြူပြီးတော့ လည်တိုင်ကျော့လေးနဲ့ ညှပ်ရိုးတွေကို ရန်ရှာလာပြန် သည်။ ဖွဖွလေးနမ်းလိုက် နှုတ်ခမ်းနဲ့ပွတ်ဆွဲသွားလိုက် လုပ်နေတာကြောင့် ရှားထိုင်နေ ရင်းနဲ့ ကြက်သီးမွေးညှင်းတို့ ထ,လာသည်။ သူ့အနမ်းတွေကို ရှောင်ရှားဖို့ကြိုးစားနေပေ မယ့် လက်တွေကိုလည်း ဆုပ်ကိုင်ထားတာကြောင့် ထင်သလောက်အရာမရောက်၍ ငြိမ် ခံနေရသည်။

" သတိုးရှန်ခိုက် ဘယ်လိုဖြစ်နေတာလဲ "

" ချစ်နေတာလေကွာ "

ပြောနေရင်းက ရှား၏ဒူးအောက်ကနေ လက်တစ်ဖက်လျှိုသွင်းပြီး ကျောနောက် ကို သိုင်းဖက်ရင်း ခုတင်ထက် ပွေ့ချီလာသည်။

" ဘာလုပ်တာလဲ... ငါ စာဖတ်နေတာ မပြီးသေးဘူးလေ "

" မပြီးလည်း နောက်နေ့မှဖတ်တော့ ... အိပ်ချိန်ရောက်နေပြီ "

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now