အပိုင်း - (၂၁)

4K 167 8
                                    

ညနေဂျူတီချိန်မပြီးခင်မှာ ခိုက်က အလုပ်တစ်ခုမပြတ်သေးတာကြောင့် ရှားကို လာကြိုဖို့ အဆင်မပြေတော့ကြောင်း ဖုန်းဆက်ပြောလာသည်။ မိုးထိဘွားကို လာကြိုခိုင်း လိုက်မယ်လို့ပြောပေမယ့် ရှားတစ်ယောက်တည်း ပြန်လည်းအဆင်ပြေနေတာကြောင့် လာမကြိုခိုင်းနဲ့တော့လို့သာ ငြင်းလိုက်ရသည်။

ညစာကို ခိုက်ရဲ့cousinနဲ့အတူ စားမယ်လို့ပြောထားတာကြောင့် ရှား အိမ်ပြန် ရောက်တော့ မီးဖိုခန်းထဲအရင်ဝင်ရသည်။ ခိုက်ကတော့ အပြင်ကမှာကျွေးလိုက်မယ်လို့ ပြောလာ​ပေမယ့် ရှားကပဲ ကိုယ်တိုင်ချက်ကျွေးချင်တာကြောင့် မှာစားဖို့အစီအစဉ်ကို ပယ်ချလိုက်သည်။ များများစားစား မချက်တတ်ပေမယ့် တတ်သလောက်လေးနဲ့ မြန်မာ ထမင်းဟင်းကို ​ကောင်းကောင်းဧည့်ခံချင်သည်။

ကြက်သားကို အနေတော်လှီးပြီး ဂျင်းထောင်းလို့ထွက်လာတဲ့အရည်နဲ့ နယ်ပြီး နှပ်ထားလိုက်ပြီး ကင်ပွန်းရွက်အချဥ်ဟင်းချက်ဖို့ ပြင်လိုက်သည်။ ပြီးတော့မှ ကြက်သား ကို အချိုကြော်ပြီး ကျက်ခါနီးမှ ကြက်သွန်ဖြူကို အလွှာလိုက် ပါးပါးလေးလှီးထားတာကို ထည့်အုပ်လိုက်သည်။ ကန်းစွန်ရွက်ကို စားခါနီးမှကြော်ဖို့ အဆင်သင့်ပြင်ထားလိုက်ပြီး ရှား ရေအရင်ချိုးလိုက်သည်။

ရှား ခေါင်းလျှော်လိုက်တာကြောင့် ဆံပင်ကိုပဝါနဲ့သုတ်ရင်း မှန်ထဲမှာမြင်နေရတဲ့ ကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်သည်။ အကြည့်တွေက နှုတ်ခမ်းတွေဆီရောက်သွားရင်း အတွေးထဲမှာ ခိုက်က ရောက်လာပြန်တော့ သူပြုံးလိုက်မိသည်။ သတိုးရှန်ခိုက်က ပြုစား လွန်းသည်။

အတွေးများနေတုန်းမှာပဲ တံခါးဘဲလ်တီးသံကြားတာကြောင့် ရှား ပဝါကို ခေါင်းပေါ်တင်ထားရင်းသာ အပြင်ထွက်လာသည်။

" password ရိုက်ပြီး ဝင်လာလည်းရရဲ့သားနဲ့ကို "

တံခါးဖွင့်ပေးရင်း ပွစိပွစိပြောလာတဲ့ရှားကြောင့် ခိုက်ပြုံးလိုက်သည်။

" တံခါးလာဖွင့်ပေးတော့ မျက်နှာလေးစောစောမြင်ရတာပေါ့ကွာ။ အ​မောပြေ ဖက်ထားချင်လို့ မောင့်အနားလာပါဦး "

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now