အပိုင်း - (၂၅)

898 72 3
                                    

        လက်ထဲက အပူခံဘူးကိုမသောက်ဘဲ ဟိုလှည့်ဒီလှည့်လုပ်နေတဲ့ရှားကို ခိုက် ကား မောင်းနေရင်းနဲ့ ခဏခဏလှည့်ကြည့်နေရသည်။ မနက်မိုးလင်းထဲက ဘာကိုအလိုမကျ ဖြစ်နေမှန်းမသိတဲ့အနာဂတ်လေးကြောင့် ခိုက်လည်း စကားများများစားစား မပြောဖြစ် ဘဲ ရှားကိုသာ အရိပ်အခြေကြည့်ပြီး နေလိုက်သည်။

ပြီးခဲ့တဲ့တစ်ရက်ကမှ အသစ်လုပ်ထားတဲ့ မျက်မှန်အဝိုင်းလေးနဲ့ ရှားက ပိုပြီးနုနယ် သွားသည်။ ဒါပေမယ့် စိတ်မကြည်နေတာကြောင့် မျက်နှာလေးက မှုန်ကုပ်ကုပ်ဖြစ်လို့ နေသည်။ မျက်ခုံးတန်းတို့ကလည်း ခဏတိုင်းဆိုသလို တွန့်ချိုးလို့နေသည်။

ခဏကြာတော့သက်ပြင်းအရှည်ကြီးချပြီး ခိုက်ဘက်ကို လှည့်ကြည့်လာတာကြောင့် ခိုက်က ' ဘာပြောချင်လို့လဲ ' ဆိုတဲ့သဘောနဲ့ မေးဆတ်ပြလိုက်သည်။ အဲ့လိုကျပြန်တော့ လည်း ဘာမှမပြောဘဲခေါင်းခါပြီး လက်ထဲကဘူးကိုတွေတွေကြီးစိုက်ကြည့်နေပြန်သည်။

" ဘာဖြစ်လို့လဲ... ရှား... နေလို့အဆင်မပြေသေးဘူးလား "

" ပြေပါတယ် "

" ကိုယ့်ကို ပြောစရာရှိနေလား "

" မရှိပါဘူး "

" ဒါဆို ဘာလို့ သက်ပြင်းခဏခဏချနေတာလဲ "

" ဘာမှမဖြစ်ပါဘူး "

ဘူးတစ်လုံးဆောင်ပြီး ငြင်းနေတဲ့ဆရာဝန်လေးကို ခိုက်လည်း မလျှောက်တတ် တော့တာကြောင့်ငြိမ်နေလိုက်သည်။ အခုတလော ဥတုရှားမြတ်ရဲ့စိတ္တဗေဒက အပြောင်း အလဲမြန်နေသည်။ တစ်ခါတစ်လေလည်း အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ ခိုက်ကို ပြဿနာရှာတတ်သည်။

သူသောက်ကျနွားနို့ကို ပုံမှန်ကျိုနေကျအတိုင်း လုပ်ပေးတာကိုပင် တစ်ရက်က ရေ ကျဲလိုက်, တစ်ရက်က ပျစ်သွားလိုက်, နောက်တစ်ရက်ကျ မလိုင်ဖတ်မကြိုက်ဘူးပြော လိုက်, နောက်နေ့ကျ မလိုင်မပါဘူးလားမေးလိုက်နဲ့ တစ်မျိုးမဟုတ်တစ်မျိုး အလိုမကျ ဖြစ်နေတတ်သည်။

တစ်ရက်ကလည်း ခိုက်က ' နွားနို့သောက်ရတာ အီလာရင် ကော်ဖီပြောင်းသောက် မလား ' မေးလိုက်မိတာကို သူ့အတွက် နွားနို့ကျိုပေးရတာက အဲ့လောက်တောင်ခက်ခဲ နေလို့လားဆိုကာ တစ်နေကုန်စိတ်ဆိုးပြီး စကားမပြောဘဲနေသည်ကြောင့် ခိုက်မှာ မ ချော့တတ်ချော့တတ်နဲ့ မနည်းချော့လိုက်ရသည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now