အပိုင်း - (၁၀)

3.4K 197 2
                                    

ဒီနေ့ ရှား နားရက်ဖြစ်တာကြောင့် မနက်စာစားပြီးကတည်းက အခန်းထဲမှာ ပစ္စည်းတွေကိုနေရာချနေသည်။ အိမ်ကယူလာပြီး နောက်နှစ်ရက်ဆက်တိုက်က night duty ကျတာကြောင့် ရှားအခန်းပြန်ရောက်တာနဲ့ အိပ်နေတော့သည်။ ခိုက်ကလည်း နေ့လယ်ထမင်းစားချိန်မှသာလာနှိုးသည်မို့ ပစ္စည်းတွေနေရာချဖို့အထိ အချိန်မရခဲ့။

အခန်းကကျယ်သည်ဆိုပေမယ့် ပစ္စည်းတွေတော့ သိပ်များများစားစားမရှိ။ ခုတင်အကြီးတစ်လုံး၊ စာကြည့်စားပွဲတစ်ခု၊ အဝတ်ဘီရိုတစ်ခု ပြီးတော့လွန်ခဲ့သည့်နေ့က ခိုက် တပ်ထားပေးတဲ့နံရံကပ်စာအုပ်စင်တွေရယ် ဒါပဲရှိသည်။ ခိုက်က တခြားလိုအပ်တာ ရှိရင် ပြောလို့ပြောပေမယ့် သူ့အတွက်ကတော့ ဒီလောက်ဆိုရင်ပဲ တော်တော်ပြည့်စုံနေပြီ ဖြစ်သည်။

ရှား ပစ္စည်းတွေနေရာချပြီးတော့ အခန်းပြင်ထွက်လာသည်။ ခိုက်ကိုကြည့်လိုက် တော့ ဝရန်တာမှာ ခြေဆင်းထိုင်ပြီး ဂီတာတီးနေသည်။ သူရှိရာဘက်ကို နောက်ကျော ပေးသည်မို့ ရှားထွက်လာတာကို ခိုက် သတိမထားမိ။ ခိုက် တီးနေတဲ့သီချင်းကို နား ထောင်ပြီးတော့ ရှား မျက်ခုံးတို့ပင့်မိသည်။ ခိုက်လို အနောက်တိုင်းဆန်တဲ့ကောင်လေး က ဒီလိုသီချင်းမျိုးတွေလည်းရတာပဲလား။ ခိုက်နဲ့မျက်နှာချင်းဆိုင်မှာ ရှား ငြိမ်ငြိမ်လေး ဝင်ထိုင်လိုက်တော့ ဂီတာတီးနေတဲ့ခိုက်က ရှားကိုပြုံးရိပ်သန်းနေတဲ့မျက်ဝန်းတွေနဲ့ကြည့် လာသည်။

ကိုယ့်နှလုံးသားက လက်ညှိုးထိုးပြခဲ့တယ်

ရည်မှန်းထားတဲ့ အချစ်ပန်းကောင်းတစ်ပွင့်မို့ကွယ်

ဆွတ်ခူးလက်ကမ်းလှမ်းကြံရွယ် ကြွေပါတော့ကွယ်

အရှေ့တည့်တည့်က အဖြူရောင်ပုံရိပ်လေးကို ရည်စူးပြီးဆိုမိခဲ့တဲ့သီချင်းတစ်ပုဒ်။ ဖွဲ့နွဲ့ပြီးမပြောတတ်ပေမယ့် အချစ်ကိုတော့ ရှားနဲ့တွေ့မှ သူ နားလည်ခဲ့တာအမှန်ပါ။

ညာလက်ရုံးနဲ့ တည်ဆောက်ရမယ့်ဘဝရယ်

ဘယ်လက်ရုံးနဲ့ ကိုယ်သိမ်းပိုက်မယ့်အ ချစ်ရယ်

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now