အပိုင်း - (၂၃)

967 73 0
                                    

ရောင်နီအလင်းတို့ အစပျိုးလာချိန်မှာတော့ ခိုက် အသိစိတ်တို့ နိုးထလာခဲ့သည်။ သူ့လက်မောင်းကိုခေါင်းအုံးပြီး ရင်ခွင်ထဲတိုးဝှေ့ရင်း ဝင်သက်ထွက်သက်မှန်မှန်နဲ့ အိပ် ပျော်နေတဲ့ရှားကို မျက်လုံးဖွင့်ပြီး တစိမ့်စိမ့်ကြည့်နေလိုက်သည်။

တစ်ဆက်တည်းမှာပဲ သူတို့နှစ်ယောက်ရဲ့ အချစ်တွေနဲ့ ထုံလွှမ်းနေတဲ့ သာယာ ယစ်မူးဖွယ်ကောင်းတဲ့ ညချမ်းအချိန်တွေကို ပြန်တွေးမိတော့ နှုတ်ခမ်းထက်မှာအပြုံးပန်း တို့ ဝေဆာပွင့်လန်းလာသည်။

ရှားဝတ်ထားတဲ့ညဝတ်အင်္ကျီက လည်တိုင်နုနုနဲ့ညှပ်ရိုးအလှကို လှစ်ဟပြနေ သည့်အပြင် သူခြယ်သထားတဲ့အချစ်ဆေးရောင်စုံတို့ကလည်း ဝင်းဝါတဲ့အသားအရေပေါ် မှာ အနီရင့်ရောင်ဘက်သို့ပင် ကူးပြောင်းနေလေသည်။ ခိုက်ကရှားခေါင်းလေးကို အသာ ပင့်မရင်း ခေါင်းအုံးထက်မှာ နေရာယူစေသည်။

ခိုက်က ခန္ဓာကိုယ်ကိုအသာကြွရင်း အိပ်ရာပေါ်မှာ လက်တစ်ဖက်ထောက်ကာ ရှားနဖူးလေးကို အနမ်းခြွေလိုက်သည်။ နောက်တော့မျက်ခွံဖောင်းဖောင်းလေးတွေ နှာတံ လုံးလုံးလေးတွေနဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကို အနမ်းပန်းတို့ပွင့်လန်းစေသည်။ နောက်ဆုံး အနေနဲ့ နှာတံထိပ်ကမှဲ့နက်လေးကိုလည်းမကျန်ရစ်စေပဲ အနမ်းလိပ်ပြာရစ်ဝဲလိုက်သည်။

ရှားတစ်ယောက်‌တော့ ညက ခိုက်ရဲ့အချစ်ကြမ်းကြမ်းတွေအောက်မှာ မလူးသာ မလွန့်သာဖြစ်ခဲ့ရတာကြောင့် ကိုယ်စောင့်နတ်သူငယ်ကိုပင် နတ်သဘင်အစည်းအဝေး အချိန်မှီအောင်မပို့နိုင်တော့။ အိပ်မက်တွေသာယာနေဆဲမှာ ခိုက်က သူ့မျက်နှာကို နမ်း လိုက်ရှုံ့လိုက်လုပ်နေတာကြောင့် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်လာသည်။

ခေါင်းကိုဟိုတိုးဒီတိုးလုပ်နေရင်း မျက်လုံးတစ်ဖက်ကိုအားယူပြီး ဖွင့်ကြည့်တော့ သူ့ကိုအုပ်မိုးကြည့်နေတဲ့ ချစ်ရသူရဲ့ မျက်နှာချောချောလေးကို တွေ့လိုက်ရသည်မို့ ရှား မပီမသပြုံးလိုက်ရင်း ခိုက်ကို ခါးကနေ လှမ်းဖက်ပြီး အိပ်ရာထက်မှာ ပြန်လှဲချစေသည်။ ခိုက်က‌ သူ့ခေါင်းလေးကိုဖွဖွပွတ်သပ်ပေးရင်း ကိုယ်လုံးအိအိလေးကိုတင်းကြပ်နေအောင် ပြန်ဖက်ထားလိုက်သည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now