အပိုင်း - (၈)

2.8K 178 3
                                    

ရှား ဂျူတီချိန်ပြီး၍ ထွက်လာတော့ ဆေးရုံဝင်း၏အပြင်ဘက် ခပ်လှမ်းလှမ်းတစ် နေရာမှာ ခိုက် စောင့်နေသည်။ Over-sized ရှပ်လက်တိုအဖြူရောင်ကို slim fit pant အမည်းရောင်နဲ့ တွဲဝတ်ထားတဲ့ခိုက်က လူအများကြားထဲမှာပင် ပေါ်လွင်နေသည်။ ဆံပင် တွေကို စည်းနှောင်မထားပဲ နောက်ကို လှန်တင်ထားကြောင့် ယောကျာ်းဆန်တဲ့မျက်နှာ အနေအထားက ပိုကာထင်းလင်းလို့နေသည်။

သူ့အနားမှာရှိတဲ့လူတွေက ပေါ်တင်တစ်မျိုး ပုန်းလျှိုးကွယ်လျှိုးနဲ့တစ်ဖုံကြည့် နေကြပေမယ့် ခိုက်ကတော့ သတိထားမိပုံမပေါ်။ ခုံတန်းတစ်နေရာမှာထိုင်ပြီး ဖုန်းပြော နေတာကြောင့် ရှား ထွက်လာသည်ကို ခိုက် မသိလိုက်။ ရှား ခြေလှမ်းသွက်သွက်လှမ်း လိုက်ရင်း ခိုက်ရှိရာသို့ လျှောက်သွားပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။

" အဟမ်း..."

ဖုန်းပြောနေရင်းကနေ သူ့ကိုတစ်ချက်မော့ကြည့်ပြီး

" အင်း... ပြောစရာမရှိတော့ရင် ဖုန်းချလိုက်တော့မယ်.."

ရှားကိုတွေ့တော့ ခိုက်ကဖုန်းချလိုက်ပြီးမတ်တပ်ရပ်လိုက်ကာ ရှားကို ပြုံးပြလာ သည်။ ရှားကတော့ မှုန်တေတေနဲ့သာ ခိုက်ကိုကြည့်နေသည်။

(ဒီကောင် ဇယားတွေအများကြီး ရှိနေတာတော့ မဟုတ်လောက်ပါဘူးနော်။)

ထုတ်မေးလိုက်ရင် ကိုယ်က သူ့ကိုအလေးပေးအရေးထားနေတယ်လို့ ထင်မှာ စိုးတာကြောင့် ခိုက်ကို တစ်ချက်စိုက်ကြည့်ပြီး အရှေ့ကနေ လျှောက်သွားလိုက်သည်။

အမြဲလိုလိုပြောင်းလဲနေတတ်တဲ့ဒေါက်တာလေးရဲ့ နှလုံးသားရာသီဥတုကြောင့် ခိုက် ကြောင်အပြီးအနောက်မှာကျန်နေခဲ့သည်။ မနက်ကလမ်းခွဲလိုက်တဲ့အချိန်ထိတောင် ရာသီဥတုက သူ့ဘက်ပါနေတဲ့အနေအထားမှာရှိနေခဲ့သည်ကို အခုဘာကြောင့်များ ရွှေ စိတ်တော်ပြောင်းလဲသွားရပြန်တာလဲ။ နှလုံးသားရဲ့ရေသောက်မြစ်ကလေးက တကယ် ကိုပဲ နားလည်ရခက်ပါသည်။

(❁'◡'❁)(❁'◡'❁)(❁'◡'❁)

တစ်နေ့လုံး companyနဲ့ ပတ်သက်တာတွေလည်း လေ့လာရင်း မြန်မာနိုင်ငံရဲ့ အထင်ကရ လည်ပတ်လို့ရမယ့် နေရာတွေလည်း မေးမြန်းရင်းနဲ့ ခိုက် တော်တော်အလုပ် ရှုပ်နေခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံး အနားယူအပန်းဖြေတာမျိုးတွေ သီးသန့်မလုပ်ခဲ့ ဖူးတော့ ထိုအရာတွေနဲ့ ပတ်သက်လာရင် သူ့ရဲ့လေ့လာနိုင်စွမ်းက သုညသာသာ,သာရှိ သည်။ သူက အချိန်တိုင်း ရောင်းဝယ်ဖောက်ကားဖို့နဲ့ ဘယ်သူ့ကို ဘယ်လိုပညာပေးရ မယ်ဆိုတာမျိုးသာ တွေးတောနေခဲ့ရသည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now