အပိုင်း - (၄၀)

733 34 0
                                    

မိုးထိဘွားဆီက ဖုန်းရပြီးတာနဲ့ ကိုလင်းနဲ့မပိုးကို အကျိုးအကြောင်းပြောပြလိုက် တော့ ကိုလင်းက ချက်ချင်းပဲပြန်ဖို့ ပြင်ဆင်ပေးလာသည်။ ကျန်တဲ့သူတွေကိုလည်း အတို ချုံ့သတင်းပေးလိုက်ကာ ကိုလင်းတို့နှစ်ယောက်နဲ့အတူ ရှား အမြန်ဆုံးပြန်လာခဲ့သည်။

ခုနစ်နာရီလောက်ကြာတဲ့ခရီးမို့ ရှားတို့ထွက်လာတော့ ညဆယ်နာရီနီးပါးရှိနေပြီး ဖြစ်လို့ အရုဏ်တက်အချိန်လောက်မှာသာ ဆေးရုံကိုရောက်လာသည်။

လမ်းမှာလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတဲ့ရှားကို မပိုးက စိတ်အေးအေး ထားဖို့ပြောရသလို မိုးတွေကလည်း ထင်မထားလောက်အောင် သည်းနေတာကြောင့် ကိုလင်းကိုလည်း သတိထားမိမောင်းဖို့ အချိန်တိုင်းပြောနေရသည်။

ဆေးရုံမှာကျန်နေခဲ့တဲ့စီနီယာတွေကို ဖုန်းဆက်ပြီး ခိုက် အခြေအနေကို လှမ်းမေး ကြည့်တော့ ပါရဂူကြီးတွေကိုယ်တိုင် စောင့်ကြည့်နေသည်မို့ သူတို့လည်း အနားမကပ်ရ တော့ သေချာမသိပေမယ့် အရမ်းစိတ်ပူစရာမလိုကြောင်းပြောလာ၍ နည်းနည်းစိတ် အေးရသည်။

ဒါပေမဲ့လည်း ကိုယ်တိုင်မတွေ့ရသရွေ့ကတော့ ရှားရင်ထဲကအပူမီးကို ဘယ်လို နှစ် သိမ့်စကားကမှ မငြှိမ်းသတ်နိုင်ပါ။

ဆေးရုံထဲဝင်တော့ ကားရပ်တဲ့အထိ မစောင့်နိုင်တော့ဘဲ ရှား ကားပေါ်က အမြန် ဆင်းလိုက်သည်။ ရှား ကိုတွေ့တော့ ဆေးရုံအဝမှာ စောင့်နေတဲ့ထက်ဖြိုးက အပြေးလေး လာကြိုသည်။

" အစ်ကိုလေးမြတ်... ရောက်လာပြီလား "

" ငါ့ကို အခန်းလိုက်ပြ "

ထက်ဖြိုးကိုပင် နှုတ်ဆက်စကားမပြောနိုင်ဘဲ ခိုက် ရှိနေမယ့်အခန်းကိုသာ လိုက်ပြ ခိုင်းမိသည်။ ရင်းနှီးနေတဲ့နေရာဖြစ်နေပေမယ့် ဒီတစ်ခါတော့ လူနာရှင်တစ်ယောက်အနေ နဲ့လာရသည်မို့ ရှား စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားလို့နေသည်။ လမ်းမှာနှုတ်ဆက်တဲ့ အသိမိတ်ဆွေတွေကိုလည်း ရှား ဂရုမစိုက်နိုင်ဘဲ ခိုက်ရှိမယ့်နေရာကိုသာ အပြေးသွားမိ သည်။

" ဒီအခန်းပါ ခင်ဗျာ့ "

" ခဏ.. ခဏလေး "

ထက်ဖြိုးက ဆေးရုံရဲ့ VVIP အခန်းတစ်ခုရှေ့မှာ ရပ်လိုက်ပြီး ရှားကို တံခါးဖွင့်ပေးဖို့ လက်ကိုင်ကိုလက်လှမ်းလိုက်တော့ ရှား ဟန့်တားလိုက်သည်။ စိတ်ကိုအတတ်နိုင်ဆုံး ငြိမ် အောင်ထားရင်း အသက်ဝဝတစ်ချက် ရှူသွင်းလိုက်ပြီးမှ ရှား ကိုယ်တိုင်ပဲ တံခါးကိုဖွင့်ပြီး ဝင်သွားလိုက်သည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now