အပိုင်း - (၃၅)

951 68 0
                                    

        " ရှား ခဏထိုင်ဦးနော်.. ကိုယ် အလုပ်လေး အပြီးသတ်လိုက်ဦးမယ် "

ခိုက်က သူ့ရုံးခန်းထဲက ဧည့်ခန်းမှာနေရာပေးရင်း ရှားကို ပြောလာသည်။ ရှားလည်း ဆိုဖာဆက်တီမှာ ထိုင်လိုက်ပြီး ခိုက်ကို ခေါင်းညိတ်ပြလိုက်သည်။ ခိုက်ကတော့ သူ့ အလုပ်စားပွဲရှေ့မှာ computerတစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။ အလုပ်ထဲကို စိတ်ဝင်စား နေတဲ့ခိုက်ကို ရှား မသိမသာခိုးကြည့်နေမိသည်။

ယောကျာ်းဆန်တဲ့မေးရိုးနဲ့ မျက်နှာကျပိုင်ရှင် ဒီအမျိုးသားက အလုပ်လုပ်နေတဲ့ အချိန်မှာ ဒီလောက်ကြည့်ကောင်းနေစရာလို,လို့လား။ ခိုက်က မေးစေ့ကိုလက်နဲ့ထောက် ထားရင်း တစ်ခုခုကိုတွေးနေသည်မို့ မျက်ခုံးတို့က ခဏတိုင်းဆိုသလို တွန့်ချိုးလို့နေ သည်။

ရှားနဲ့ရှိတဲ့အချိန်တိုင်း အမြဲလိုလို ပေါ့ပေါ့ပါးပါးနဲ့ ပြုံးနေတတ်သူက အခုလို အလုပ် လုပ်နေတဲ့အချိန်မှာတော့ တည်ငြိမ်ရင့်ကျက်ပြီး သြဇာရှိတဲ့အရောင်အဝါတို့က လွှမ်းမိုး လို့နေပြန်သည်။

ဒါက သတိုးရှန်ခိုက်ရဲ့ နောက်ထပ်မျက်နှာတစ်ခုပေါ့။

" ရှား... အဝေးကကြည့်ရတာ အားမရရင် အနီးကပ်လာကြည့်လို့ရတယ်နော်... ကိုယ်ခွင့်ပြုတယ် "

" ဘယ်.. ဘယ်သူက ကြည့် နေလို့လဲ "

ခိုက်ကို စိုက်ကြည့်ပြီး အတွေးတွေလွန်နေတဲ့ ရှားတစ်ယောက် ခိုက် အသံကြားမှ အသိစိတ်ပြန်ကပ်လာသည်။ ခိုက်ကတော့ စားပွဲပေါ်လက်နှစ်ဖက်တင်ကာ မေးထောက် ထားရင်း ရှားကို မျက်စပစ်ပြီး ပြောလာသည်။ သူခိုးလူမိသွားတဲ့ရှားကတော့ ရှက်ရမ်း, ရမ်းကာ ခိုက်ကိုမကြည့်ဘဲ ငြင်းဆိုလာသည်။

" မကြည့်ဘူးဆိုတော့လည်း မကြည့်ဘူးပေါ့ဗျာ... ဒါနဲ့ ပြောပါဦး... ဘယ်လိုစိတ်ကူး ရပြီး companyကို လိုက်လာတာလဲ "

ခိုက်က အလုပ်စားပွဲကနေထ,လာပြီး ရှားထိုင်နေတဲ့ဧည့်ခန်းဆီကို လျှောက်လို့လာ သည်။ ပြီးတော့ ရှားဘေးမှာ ခြေချိတ်ထိုင်လိုက်ရင်း ဆိုဖာနောက်မှီပေါ် လက်တင်ထား ကာ ရှားဘက်ကိုမျက်နှာမူထားပြီး စကားဆိုလာသည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now