အပိုင်း - (၆)

3.4K 231 9
                                    

ခိုက်အဖို့ မနက်စောစောထခြင်းက အကျင့်ဖြစ်နေတာကြောင့် အိပ်ရာနိုးလာ တော့ မနက်ခြောက်နာရီထိုးပြီး မိနစ်အနည်းငယ်သာရှိသေးသည်။ မျက်နှာသစ်သွား တိုက်ခြင်း အမှုပြုပြီးနောက် အိမ်ရာဝင်းတစ်ပတ်ပြေးရန် သူပြင်ဆင်ပြီး အခန်းပြင်ထွက် လာသည်။ ဘေးအခန်းရှိကာလနဂါးလေးက အိပ်မက်ထဲမှာ နတ်သမီးတစ်ဖက်ငါးရာနှင့် ပျော်ပါးနေသလားတော့မသိ။ ခိုက် အခန်းတံခါးကို အသာတွန်းဖွင့်ပြီးကြည့်လိုက်တော့ ပြုံးယောင်သမ်းကာ အိပ်မောကျနေသည်။

ခြေလှမ်းဖွဖွလှမ်းကာ ခုတင်အနားကို တဖြည်းဖြည်းတိုးသွားရင်း ဆံပင်တွေ အုပ်နေတဲ့နဖူးပြင်ပြေပြေလေးကို တစ်ချက်ခိုးနမ်းမိသည်။ နှာခေါင်းထိပ်ကမှဲ့နက်လေးကို လည်း အသည်းယားလွန်း၍ လက်ညှိုးနဲ့ခပ်ဖွဖွလေးတို့ထိမိသည်။ အထိအတွေ့ကြောင့် တစ်ချက်လူးလွန့်လာ၍ ခိုက် အမြန်လက်ရုပ်လိုက်သည်။ နံပါတ်တစ်နဲ့နှစ်စည်းကမ်းချက် ကို သူ အတိအလင်းချိုးဖောက်နေတာ ရှားသိလို့မဖြစ်ပေ။

" ချစ်ဖို့ကောင်းတဲ့ မောင့်ရှား... စွာတေးလေး "

မူလကတော့ ဒယ်ဒီနဲ့ သူ့အိမ်ထောင်အသစ်ကို စိတ်အနှောင့်အယှက် ဖြစ်စေချင်တဲ့ရည်ရွယ်ချက်ကြောင့်သာ ရှားကိုချဉ်းကပ်ခဲ့တာမှန်ပေမယ့် သူ သတိမထားလိုက်မိတဲ့ အချိန်အတွင်းမှာပဲ ရှားကို သူသက်ဝင်သွားခဲ့သည်။ အဲ့ဒါကြောင့်လည်း အတင်းအကြပ် ဖိအားပေးမည့်အစီအစဉ်ကနေ သူ့အချစ်တွေကို ရှား ကြည်ကြည်ဖြူဖြူ လက်ခံနိုင်တဲ့ အထိ ကြိုးစားမည့်အစီအစဉ်ကို ပြောင်းလဲခဲ့သည်။

အနမ်းသူခိုးတစ်ယောက်အတွက် မနက်ခင်းအချိန်အခါသည် အရာရာလှပနေ တော့သည်။ မနက်ခင်း၏နေရောင်ခြည်သည် ရွှေချည်လွှာတို့ ဖြန့်ကျက်ထားသကဲ့သို့ အသရေတင့်တယ်နေသလို အစာရှာထွက်နေသည့်ကျေးငှက်သံတို့ကလည်း သာယာငြိမ့် ညောင်းကာ နားဝင်ချိုမြလို့နေသည်။ အိမ်ရာဝင်းတစ်ပတ်ပြေးနေစဉ် ဖုန်းမြည်လာသည်။ ခေါ်ဆိုသူကိုကြည့်လိုက်တော့ ရေခြားမြေခြားက မွေးသမိခင်ဖြစ်နေသည်။ ခိုက် ဒီကို ရောက်ကတည်းက တစ်ခါမှဖုန်းမဆက်ဖြစ်၍ ခိုက်ကို အပီအပြင်ပွားဖို့ ဆက်တာဖြစ်လိမ့် မည်။ ခိုက် earphoneကို နားမှာတပ်ပြီး ဖုန်းကိုင်လိုက်တော့

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now