အပိုင်း - (၂၀)

2.2K 126 1
                                    

ရောင်နီအလင်းတို့ အစပျိုးကာ ဖြာကျနေပေမယ့်လည်း အိပ်ရာစောစောထ တတ်တဲ့သတိုးရှန်ခိုက်တစ်ယောက် အကျင့်ပျက်လို့နေသည်။ နိုးနေပေမယ့် မထသေးဘဲ ရင်ခွင်ထဲက အနွေးလုံးလေးကို မြုပ်နေအောင် ဖက်ထားပြီး ဇိမ်ယူနေသည်။

မျက်ဝန်းတွေက မှိတ်ထားသော်ငြားလည်း နှုတ်ခမ်းထောင့်စွန်းတို့ကတော့ ကော့ညွတ်လို့နေသည်။ ရှားကတော့ ညကသူဖက်ထားတဲ့အတိုင်း သူ့ရင်ခွင်ထဲမှာ ငြိမ်သက်စွာ အိပ်မောကျနေသည်။

မိနစ်အချို့ကြာပြီးနောက်မှာတော့ ခိုက်က အိပ်ရာထက်ကို လက်ထောက်ထား ရင်း သူ့ရဲ့အနာဂတ်လေးကို တစိမ့်စိမ့်ကြည့်နေပြန်သည်။ အတန်အသင့်ရှည်နေပြီဖြစ်တဲ့ ရှား ရဲ့အရှေ့ဆံပင်တွေက မျက်ခုံးစပ်ကိုကျော်ပြီး မျက်လုံးဖုံးလုနီးပါးဖြစ်တာကြောင့် ခိုက် လက်နဲ့ဖွဖွလေး ဖယ်ပေးလိုက်သည်။

မျက်နှာနုနုလေးထက်မှာ မျက်တောင်ရှည်တို့က ယပ်တောင်သဖွယ် ဖြာကျနေ ပြီး မျက်လုံးမှိတ်ထားတာကြောင့် မျက်ခွံလေးတွေက ဖောင်းအစ်လို့နေသည်။ ကြည့်နေ ရင်းက အသည်းယားလာတာကြောင့် နှာတံထိပ်ဖျားကမှဲ့နက်လေးကို လက်ညှိုးနဲ့ ဖွဖွ

လေး တို့ထိနေလိုက်သည်။

ခိုက်က တို့လိုက်ထိလိုက် လုပ်နေတာကြောင့် ကာလနဂါးလေးက တစ်ချက်လူး လွန့်လာပြီး နှာခေါင်းထက်က လက်ကိုဖယ်ချလာပြီး ကျောပေးကာ တစ်ဖက်လှည့်သွား သည်။ ပုစွန်လေးလိုကွေးသွားတဲ့ရှားကို ခိုက် သဘောတကျကြည့်ရင်း အနောက်ဘက် ကနေ သိမ်းကျုံးပြီးပွေ့ဖက်လိုက်သည်။

တီရှပ်ဝတ်ထားတာကြောင့် လစ်ဟာနေတဲ့ဂုတ်သားဖွေးအိအိလေးကို နှုတ်ခမ်း နဲ့ စုပ်လိုက်နမ်းလိုက် လုပ်နေတာကြောင့် ရှားကကောင်းကောင်း ဆက်အိပ်လို့မရတော့။

" ခိုက်... ငါ အိပ်ချင်သေးတယ်.. "

" အင်း.. ဟင်... အိပ်လေ "

အနမ်းကိုမပြတ်စေဘဲ ခိုက်က ဩရှရှလေးသံနဲ့ ဖြေလာသည်။ ပြီးတော့ ရှားနား- ရွက်ဖျားလေးကို နှုတ်ခမ်းနဲ့ ဖွဖွလေးဖိကိုက်နေသည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now