အပိုင်း - (၂၂)

1.1K 70 0
                                    

ဒီနေ့တော့ ရှားတစ်ယောက် အိမ်ထဲမှာနာရီတကြည့်ကြည့်နဲ့ ဝရန်တာဘက် ထွက်လာလိုက် ဧည့်ခန်းမှာပြန်ထိုင်လိုက်နှင့် အလုပ်များနေသည်။ ဂျူတီနားရက်မို့ တစ်နေ့လုံး ခိုက်နဲ့နှစ်ယောက်သား အိမ်သန့်ရှင်းရေးလုပ်နေကြတုန်း ကိုရှင်းပြည့်က အား ရင် သူနဲ့အဖော်သောက်ပေးပါဦးဆိုပြီး ဖုန်းဆက်ခေါ်လာသည်။

ခိုက်ကမသွားဘူးပြောပေမယ့် ရှားကပဲ ' ကိုရှင်းပြည့်မှာ ရင်ဖွင့်စရာရှိလို့နေလိမ့် မယ် သွားလိုက်ပါ 'ဆိုပြီး လွှတ်လိုက်ခြင်းဖြစ်သည်။ အရမ်းနောက်ကျအောင်မနေဖို့မှာ လိုက်ပေမယ့် ဆယ့်တစ်နာရီထိုးခါနီးအထိ ခိုက် ပြန်မရောက်သေးတာကြောင့် ရှား မျှော် နေရသည်။

ဖုန်းဆက်ပြီးလည်း မမေးချင်တာကြောင့် အခန်းထဲမှာပဲ ဟိုလျှောက်ဒီလျှောက် လုပ်နေသည်။ ဆယ်မိနစ်လောက်ကြာပြီးတော့ ခိုက်ရဲ့ကားလေး အိမ်ရာဝင်းထဲဝင်လာ တာကို ရှားတွေ့လိုက်တာကြောင့် အိမ် တံခါးဖွင့်ပြီး ခိုက်အလာကို စောင့်နေလိုက်သည်။ တံခါးဖွင့်ထားပြီး အိမ်အပေါက်ဝမှာ ရပ် နေတဲ့ရှားကိုတွေ့တော့ ခိုက် အံ့ဩသွားသည်။

" ရှား... မအိပ်သေးဘူးလား .. နောက်ကျနေပြီကို "

" မင်းမှ ပြန်မလာသေးတာကို "

ခိုက်က အိမ်ထဲဝင်လာပြီး စီးထားတဲ့ရှူးဖိနပ်ကိုချွတ်နေတော့ ရှားက အိမ်စီး ဖိနပ်ကို ဖိနပ်စင်ထဲကနေ ထုတ်ပေးလာသည်။

" ကျေးဇူး "

ခိုက်က ရှားကိုကြည့်ပြီး ပြောလာတော့ ရှား ခေါင်းညိတ်ပြလိုက်သည်။ ပြီးတော့ နှစ်ယောက်သား ဧည့်ခန်းထဲ လျှောက်လာသည်။

" ကိုယ် နည်းနည်းနောက်ကျသွားတယ်။ ကိုပြည့်ကို အိမ်ပြန်လိုက်ပို့ပေးနေရ သေးလို့ "

" အင်းပါ... မင်း ရေချိုးဦးမှာလား "

" အင်း.. ချိုးမယ်။ ကိုယ်နည်းနည်းသောက်လာတယ်။ အနံ့ထွက်နေမှာ။ ရှား အိပ်ချင်ရင်အိပ်နှင့်လေ။ ကိုယ်လည်းရေချိုးပြီးရင်အိပ်မှာ။ ဒါမှမဟုတ် ကိုယ့်ကိုခဏစောင့် ပေးနိုင်မလား "

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now