အပိုင်း - (၁၄)

2.7K 141 1
                                    

" ကိုယ် ဘာမှမဖြစ်ပါဘူး... ရှားရဲ့.. ပခုံးစွန်းကို နည်းနည်းရှပ်ထိသွားတာပါ.. "

ခိုက် ဒီစကားကို ဆယ့်နှစ်ကြိမ်မြောက် ပြောခြင်းဖြစ်သည်။ ခန့်မင်းဆိုတဲ့လူက ရမ်းသမ်းပေါက်လိုက်သည်မို့ ခိုက် ပခုံးစွန်းကိုသာ ထိသွားသည်။ သေချာချိန်ပြီး ပစ်ရင်တော့ ခေါင်းကွဲနိုင်လောက်သည်။ ယောကျာ်းအားနဲ့ ပစ်တာဆိုတော့ နာနေပေမယ့်လည်း ပြိုတော့မယ့်မိုးလို ဖြစ်နေတဲ့ရှားမျက်နှာလေးကြောင့် ခိုက်မှာ ကျိတ်ပြီးခံနေရသည်။

" ဘာပဲဖြစ်ဖြစ် ဆေးရုံသွားကြည့်တာ ကောင်းမယ်ထင်တယ်.. အဲ့ဒါမှ သေချာစစ်ဆေးလို့ ရမှာ "

" ရှား ရှိနေတာပဲကို ဆေးရုံသွားဖို့ မလိုပါဘူး.. ကိုယ် အဆင်ပြေပါတယ်.. ရှားရော ဘယ်နားတွေထိသွားသေးလဲ.. "

ကားနောက်မှာထိုင်ပြီး သူတစ်လှည့် ကိုယ်တစ်လှည့် စိတ်ပူနေကြတဲ့ ဆရာသမားတို့နှစ်ယောက်ကို မိုးထိဘွား နောက်ကြည့်မှန်ကနေ ခဏခဏကြည့်မိသည်။ သူတို့ဆရာသမားက ဒီဆရာဝန်လေးကို သဘောကျနေတယ်ဆိုတာ သိထားပေမယ့် ဒီလောက်ဖြစ်နေလိမ့်မယ်လို့ မထင်ထားပါ။ အခုလို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတော့ တော်တော်ဖြစ်နေမှန်း သူသိလိုက်ပါသည်။ မိုးထိဘွားကသာ ကားမောင်းရင်း မျက်လုံးဂနာမငြိမ်ဖြစ်နေပေမယ့် ဘေးမှာထိုင်လာတဲ့ မက်စ်ကတော့ ကျောက်ရုပ်ကြီးတစ်ရုပ်အလား ရှေ့တူရူကိုသာကြည့်ပြီး ငြိမ်သက်နေသည်။

ခိုက်ကပခုံးနားသွားတာကြောင့် ကားမောင်းလို့အဆင်မပြေတော့။ မိုးထိဘွားတို့ စီးလာတဲ့ကားနဲ့သာ ပြန်လာခဲ့ရသည်။ ခိုက်ရဲ့ကားကိုတော့ ကိုပြည့်တို့ဆိုင်မှာပဲ ထားခဲ့လိုက်သည်။ ဆိုင်မှာကျန်နေခဲ့တဲ့ ပြဿနာကောင်တွေကိုတော့ ကိုပြည့်နဲ့ပဲ လွှဲခဲ့လိုက်သည်။ ခိုက်သဘောအတိုင်းသာဆို သုံးယောက်လုံးကို အပျောက်ဖျောက်ပြီးနေလောက်ပြီ။ ဒါပေမဲ့ ဒီလူတွေက ရှားအသိုင်းအဝိုင်းနဲ့ ပတ်သက်နေသည်မို့ ခိုက် အတော်ထိန်းထားရသည်။

" မင်းတို့ပြန်လိုက်တော့ ... မနက်ဖြန် ငါ့ကားကို ယူလာခဲ့... "

" ဟုတ်.. အစ်ကိုလေး... "

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now