He's Mine😉

2.8K 58 0
                                    

Chapter 1

အခန်း-၁။ ချူယင်း

စုယိသည် ပျင်းတိပျင်းယွဲ့ဟန်ဖြင့် ဆိုဖာပေါ်တွင်လဲလျောင်းနေရင်း Weiboမွ မှတ်ချက်များကို စိတ်အားထက်သန်စွာအပေါ်အောက်ဆွဲဖတ်နေပြီးသူမ၏ရှည်လျားသွယ်လျသောခြေတံရှည်တွေကို စားပွဲပေါ်သို့ဆန့်တင်ထားလိုက်သည်။

[ထြီ...ငါ့ကလေးလေးကို နင်လုပ်ကြံရဲတယ်ပေါ့ နင့်ကိုလက်စားချေပစ်မယ်...]

[မင်းရဲ့မိသားစုကလည်း အလားတူပျက်ဆီးသွားပြီး နင်လည်း တစ်ယောက်တည်း သေရလိမ့်မယ်လို့ ငါမျှော်လင့်တယ်... /smile]"

[ ဉာဏ်များတဲ့ခွေးမ ဖျော်ဖြေရေးနယ်ပယ်က ထွက်သွားစမ်း...]

လွန်ခဲ့သည့် နှစ်နာရီက Weibo ပို့စ်သည် Replyပေါင်း ခြောက်ထောင်ကျော် စုဆောင်းခဲ့ရပြီး သေချာပေါက်ကို အမ်ားစုက မကြင်နာတဲ့စကားတွေပင်။

လက်ထောက် အန်းရွှမ်သည် သူ့မနံဘေးသို့ လျှောက်လာပြီး ဖရဲသီးဖျော်ရည် လတ္လတ္ဆတ္ဆတ္ကို သူမရှေ့တွင် ချပေးလာသည်။

"ယိကျဲ ကျဲဘာလို့ မှတ်ချက်တွေကို ထပ်ကြည့်နေရပြန်တာလဲ"

စုယိက အကြည့်တစ်ချက်ပင်မစွန့်ကြဲဘဲ "တို့ပရိသတ်တွေရဲ့ commentတွေကို တို့ဘယ်လိုလုပ် မကြည့်ဘဲနေနိုင်မှာလဲ"

အန်းရွှမ်သည် သူမ၏ ဘာကိုမွ ဂရုမစိုက်တဲ့ အမူအရာကို လေးစားမှုအပြည့်ဖြင့် ကြည့်နေမိသည်။

"ညီမက ကျဲစိတ်ထိခိုက်သြားမွာကို စိုးရိမ္လို့ပါ..."

စုယိက ဆိုလိုက်သည်။

"သူတို့က ဇာတ်ကောင်ကို ဆဲနေတာ တို့ကိုမဟုတ္ဘူး"

အဆိုပါ မှတ်ချက်ပေါင်း ခြောက်ထောင်ကျော်သည် မင်းသမီး စုယိကို ဦးတည်ဆဲဆိုနေတာမဟုတ်ပေ။ ရေပန်းစားခေတ်စားနေသည့် အင်ပါယာရဲ့ နန်းတွင်းအနောက်ဆောင်မှ ယုတ်မာတဲ့ဒုတိယ အမျိုးသမီး ဇာတ်ဆောင် ယွီကျိကိုသာ အမှန်တကယ် ရည်ညွှန်းမေတ္တာပို့နေကြတာဖြစ်ပြီး၊ အဲ့ဒါက သူမ သရုပ်ဆောင်ထားသည့်ဇာတ်ကောင်တစ်ခုလည်းဖြစ်သည်။

He's MineWhere stories live. Discover now