He's Mine😉

326 24 0
                                    

Chapter 13

ခြေကျင်းဝတ်ခေါက်သွားသည့်နာကျင်မှုက ခြေဖျားမှ ငယ်ထိပ်အထိ ထုံကျင်သွားလောက်အောင် ပြင်းထန်သည်။ဝန်ထမ်းများက စုယိထံသို့အမြန်ပြေးလာကြပြီး ဝူရွှယ်က ရောက်ရောက်ချင်း ခြေကျင်းဝတ်ကို အနေအထားမှန်အောင် သေချာပြုပြင်ပေးလိုက်သည်။

"ထိုင်နေ မလှုပ်နဲ့..."

"အဆင်ပြေရဲ့လား"

တာဝန္ခံက အပြင်မှ ပြေးဝင်လာကာ မေးသည်။

" ခုံက ဘာဖြစ်တာလဲ ... "

" တောင်းပန်ပါတယ် ... တိတ်သေချာမကပ်မိလို့ထင်ပါတယ်...တောင်းပန်ပါတယ် "

"ရှင်တို့ရိုက်ကူးရေးဆက်လုပ်နိုင်အောင် စုယိက တကူးတကလာကူညီတာကို ဒါလေးတောင် ထောင့်စေ့အောင် မစစ်ဆေးနိုင်ဘူးလား...သူ့အချိန်ဇယားတွေကို ထိခိုက်လာရင် အကုန္လုံး တစ်ခုခုဖြစ်ဖို့သာ စောင့်နေလိုက်ကြ..." ဝူရွှယ်က ချင်ချင်းပင် ရန်တွေ့တော့သည်။

ဒေါသတကြီး ရန်တွေ့ပြီးနောက် ဝူရွှယ်သည် ဝန်ထမ်းများအား စုယ်ိကိုကားပေါ်သို့ကူတင်ပေးရန်ပြောလိုက်ပြီး မဂ္ဂဇင်းဘက်မှ တာဝန်ရှိသူများကလည်း ကားမောင်းရန်ဝန်ထမ်းတစ်ဦးကို လွှတ်ပေးခဲ့သည်။

စုယိကဲ့သို့အရပ်ရှည်သောသူအတွက် ခြေကျင်းဝတ်ခေါက်လဲရာတွင် ခါးအထိပင်နာကျင်မှုကိုပါ ခံစားရ၏။သို့သော်လည်း စုယိ၏မျက်နှာထားက တည်ငြိမ်နေပြီး သူမသည် ရိုက်ကွင်းတွင်လည်း စကားများများစားစားမပြောခဲ့ပေ။ကားပေါ်သို့ရောက်သောအခါတွင်မှ စုယိထံမှအသံထွက်လာတော့သည်။

" ရွှယ်ရွှယ်လေး "

" ဘာလဲ အရမ်းနာလို့လား "

" မဟုတ္ဘူး ...ငါ့ဖုန်းလေး "

စုယိက ဝူရွှယ်၏အိတ်ကိုညွှန်ပြရင်းပြောသည်။

အလွန်တရာတောင့်တခဲ့ရသောအချိန်သို့ရောက်လာပြီဖြစ်ပြီး စုယိသည် ဖုန်းဖွင့်ကြည့်ရန်မစောင့်နိုင်တော့ပေ။

[10086- လူကြီးမင်း၏ဒေတာပက်ကေ့ချ်သည် မေလ ၂၆ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသဖြင့်....]

He's MineWhere stories live. Discover now