He's Mine😉

379 32 0
                                    

Chapter 6
အမူးသမား...။

ချူယင်းတစ်ယောက် စစ်တပ်ကထွက်လာပြီမှန်းသိလိုက်ကြသော မြို့တော် A မွာရွိတဲ့ သူ့ရဲ့အသင်းဖော်ဟောင်းတွေဖြင့် အတူတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ နေ့ရက်တွေကို စားမြုပ်ပြန်ရင်း အတူတူထမင်းစားဖြစ်ကြခြင်းပင်။

သူတို့ အသင်းဖော်ဟောင်းတွေကများပေမယ့် ဒီတစ်ခေါက် လာကြတဲ့ သူတွေက စစ်တပ်ထဲက ထွက်သွားကြတဲ့သူတွေကြီးပဲပင် ။

စားပွဲဝိုင်းတွင် အရက်သောက်ရမည်ဆို လက်မရွံ့တတ်သောယောက်ျားအရင့်အမာကြီးများသာရှိကြသည်။ ထိုသူတွေ မူးပြဲသွားဖို့အတွက် အချိန်သိပ်မယူလိုက်ရချေ။

အမျိုးသားတစ်ဦးကသူ့အားအရက်သောက်ဖို့အတွက်ဆက်လတ်တိုက်တွန်းနေဆဲပင်။

ဗိုလ်ကြီး...ဗိုလ်ကြီးယင်း...အေ့ ဗိုလ်ကြီး ကျွန်တော်တို့နဲ့ အတူတူလိုက်ခဲ့လဲဖြစ်တာပဲကို ဘာလို့ ကားမောင်းနေဦးမှာလဲ အဲဒါက... အေ့ ကျွန်တော်တို့အတူတူ သောက်ရတယ်ဆိုတာက လုံး၀ ရှားရှားပါးပါးလေဗျာ ကျွန်တော်တို့ စိတ်နှလုံးလေးကို နည်းနည်းလေးဖြစ် ကျေနပ်နှစ်သိမ့်ပေးတဲ့အနေနဲ့ သောက်ပေးလို့မရဘူးလားဗျာ"

နောက်ထပ် တခြားလူတစ်ယောက်ကလည်း ပြောလာပြန်သည်။

ဗိုလ်ကြီး ယင်းက အခု သူဌေးကြီးဖြစ်နေပြီ သူက ငါတို့လို သူတွေနဲ့ အတူတူပဲလို့ ထင်နေတာလားကွ

လေချဉ်တက်ပြီးနောက် သူက ဆက်ပြောသည်

-"ဗိုလ်ကြီး ယင်းက တော်သေးတယ်လို့ပဲဆိုရမှာကွာ သူကငါတို့လို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... စစ်တပ်ကထွက်ပြီးတာနဲ့ လုံခြုံရေးအစောင့်တွေပဲလုပ်လို့ရတာ..."

ထိုလူက အရက်မူးနေသဖြင့် သူ့စကားတွေက တဟုန္ထိုး ခုန်ပေါက်ထွက်လာသည်။ စကားပြောနေရင်း နှာခေါင်းကချဉ်လာသဖြင့် နှာတစ်ချက်ရှုံ့လိုက်သည်။

ထိသူပြောပြီးတာနဲ့ စားပွဲ၀ိုင်းတစ်ခုလုံးက ငြိမ်ကျသွားသည်။

ချူယင်းသည် ဖန္ခြက္ကို ငုံ့ကြည့်ကာ - 'ဒီညေတာ့ လျှိုရှီးကို လာကြိုခိုင်းဖို့ပဲရှိတော့တယ်'

He's MineWhere stories live. Discover now