Chapter 2
ပွဲကိုရောက်တော့ စုယိသည်ကားပေါ်မှဆင်းပြီး ကော်ဇောနီပေါ်တွင် ရပ္ကာ သတင်းထောက်တွေ ဓာတ်ပုံရိုက်တာကိုခံနေလိုက်သည်။
ကော်ဇောနီသည် အောင်မြင်ကျော်ကြားသူ ဟုတ်မဟုတ်ဆိုတာကို ထင်ရှားစွာ သိမြင်နိုင်သော နေရာဖြစ်သည်။ သတင်းထောက်တွေက သူတို့ရဲ့ ကင်မရာကို များများချိန်လေ ထိုသူက ပိုနာမည်ကြီးသူဖြစ်လေပင်။ လူအမ်ားက ကော်ဇောနီရှည်ပေါ်တွင် အတန်းလိုက်ကြီး မတ်တပ်ရပ်နေကြပြီး သတင်းထောက်များ သူတို့ရဲ့ဓာတ်ပုံကိုအနည်းငယ်ပိုရိုက်ရန်အတွက် ဆွဲဆောင်မှုရှိရှိ အိုင်တင်တွေပစ်ထုတ်နေကြပေသည်။
စုယိက ဒါတွေကို သိပ်ဂရုမစိုက်ချေ။
'ဒါက ပရဟိတပြဲတစ္ခုပါပဲ၊ သတင်းထောက်တွေရှိဖို့ လိုအပ္လို့လား...။'
သူမသည် ထိုနေရာတွင် ရပ္ကာ တစ်ဆယ်အထိ ရေတွက်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။
"စုယိ ခဏနေပါဦး
"စုယိ ကျေးဇူးပြုပြီး ဒီဘက်ကိုကြည့်ပါဦး"
စုယိ
သတင်းထောက်အနည်းငယ်က ဘာဆိုဘာမျှလုပ်ပြမနေသည့် သူမကို လှမ်းခေါ်နေသဖြင့် စုယိသည် မသိချင်ယောင်ဆောင်လို့မရတော့သဖြင့် သူမလုပ်နိုင်တာကတော့ကင်မရာကို လှည့်ကြည့်ပြီး ပြုံးပြလိုက်တာပါပဲ။
"စုယိ နင်က တကယ့်ကိုရွံစရာပဲ
သတင်းထောက်အုပ်စုထဲတွင် စူးရွေသာအသံတစ္ခုက ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ ကော်ဇောနီပေါ်ရှိလူတိုင်းလိုလို ကြားနိုင်ကြသည်။ စုယိသာမက ပတ်ဝန်းကျင်ရှိ သတင်းထောက်များနှင့် နာမည်ကြီးများကလည်း အသံထွက်လာရာဇာတ်မြစ်ရှိရာဘက်သို့ အံ့အားသင့်စွာ လှည့်ကြည့်လိုက်ကြသည်။
အသံက နောက်တစ်ဖန်ထပ်ထွက်လာပြန်သည်။
"နင်က ကျန်းမီကို လှောင်ပိတ်ထားတယ် သူက နင်နဲ့အတူ နန်းတော်ထဲဝင်လာတဲ့ ညီမကောင်းတစ်ယောက်ဟ...ငကြောင် မရ..."
စုယိသည် ကြက်ဥတစ်လုံးက လေထဲမှ လှပစွာသူမထံပြေး၀င်လာချိန်တွင် ဘယ္လိုမွ တုံ့ပြန်ရန် အခွင့်အလမ်းမရှိတော့ချေ။