Chapter 21
ငါကပဲသည်းခံပေးလိုက်ပါ့မယ်...နင်တို့ကိုက အမြင်မရှိတာ...။
စုယိမွာ အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။
"အခုလေးတင် သြားလို့ရတယ္လို့ ပြောလိုက်တာမဟုတ်ဘူးလား "
"ဘာလို့ ဒီလောက်အရပ်ရှည်နေတာလဲ ... ပြောပြပေးမလား "
ဘားတစ္ခုလုံး၌ အရက်နံ့များမွှန်ထူနေပြီး စုယိရနေသောအရက်နံ့သည် မျက်စိရှေ့ရှိထိုတစ်ယောက်ထံမှလော ၊ သို့မဟုတ် ဘေးနားရှိဝိုင်းမှလော ၊ ကောင်းကောင်းဝေခွဲ၍မရနိုင်ချေ။
စုယိက ထိုလက်ကိုရုန်းလိုက်ပြီး မျက်မှောင်ကြုတ်လျက် အခင်းနေရာမှ ထွက်သွားလိုက်သည်။
ခြေလှမ်းအနည်းငယ်အကွာ၌ စုယိက ပြန်လှည့်ကြည့်လိုက်၏။သို့သော်လည်း အနောက်တွင်ကျန်ရစ်ခဲ့သောထိုမိန်းကလေးအား ယောက်ျားလေးအုပ်စုတစ်စုက အမျိုးသားသန့်စင်ခန်းထဲသို့ ဆွဲခေါ်နေကြသောမြင်ကွင်းကိုသာ တွေ့လိုက်ရသည်။
မိန်းကလေးက အတော်ဒေါသထွက်နေပုံရပြီး ရုန်းဖယ်လျက် အရှေ့မှလူကို ပါးချလိုက်၏။ပါးရိုက်ခံရသောတစ်ယောက်က ခဏတာငြိမ်သက်သွားသော်လည်း ထို့နောက်တွင် ပို၍ပင် အကြမ်းပတမ်းဆန်လာတော့သည်။
ဈေးကြီးပေးရသလောက် လုံခြုံရေးမှာ ကုန်းကောက်စရာပင်မရှိသော အမိုက္စား ဘားကြီးပါပင်။
စုယိက သူမလွယ်ထားသောအိတ်ကိုချွတ်လိုက်ပြီး အခင်းနေရာသို့ ဦးတည်သွားကာ ဟီးရိုးဝင်လုပ်ရန် ကြံလိုက်သည်။
" ဘာလုပ်နေကြတာလဲ "
ပြင်းထန်သောလေသံကြောင့် ထိုအုပ္စုက စုယိအား လှည့်ကြည့်သည်။ထို့နောက်တွင် အုပ္စုထဲမွ တစ်ယောက်က ပမာမခန့်ဆန်သောလေသံဖြင့် စုယိအား မထိလေးစားပြောလာတော့၏။
ကျွန်တော်တို့သူငယ်ချင်း အချင်းချင်း စနေကြတာ...ဘာဆိုင်လို့ဝင်ပါနေတာလဲ အဒေါ်ကြီး
' အဒေါ်ကြီးတဲ့လာ...'
စုယိသည် ယခုလေးတင်ကြားလိုက်ရသောစကားလုံးအား မယုံကြည်နိုင်သောကြောင့် သူမဝတ်စားထားသည့်ပုံပန်းသဏ္ဌာန်အား ပြန်လည်စစ်ဆေးကြည့်လိုက်သည်။