He's Mine

310 25 0
                                    

Chapter 28

တွဲခုတ်ခြင်း။

စုယိမွာ ရိုက်ကူးရေးမရှိသေးသည်အား အခွင့်ကောင်းယူကာ weiboကို ဖွင့်ကြည့်လိုက်၏။အသိပေးထုတ်ပြန်စာအောက်ရှိ comment section တွင် အစွန်းရောက်သောမှတ်ချက်များက ပလူပျံနေလေသည်။

+ ရယ်စရာကောင်းလိုက်တာ...ဒီလိုအသေးအမွှားကိစ္စလေးကို အသည်းအသန်တွေထရှင်းပြီး အတန်းရှင်းရှာတာမဟုတ်ဘူးလို့ ဖင်ပိတ်ငြင်းနေသေးတယ် ]

[ စုယိက အမြဲငြင်းနေပြီး လျန့်ပေါ followလုပ်လုပ် unfollow လုပ်လုပ် ဂရုမစိုက်ဘူးလေ...ပြီးတော့ အသိပေးစာထုတ်ပြီးတဲ့အချိန်မှာ တခြားဘလော့ဂ်တွေအကုန်လုံးက ထိပ်စီးပိုင်းသတင်းတွေအကုန်ဖြုတ်ချလိုက်တယ်...ဟုတ်တော့မဟုတ်သေးဘူး အစကတည်းက လုပ်ဇာတ်ပဲဖြစ်မှာ ]

[ လျန့်ပေါအတွက် စိတ်မကောင်းလိုက်တာ...တကယ့်မိန်းမနဲ့မှသွားတွေ့ရတယ်လို့ ]

[ ယိလေးအတွက် စိတ်မကောင်းဘူး...ဟိုဘက်ရပ်ကွက်ကဟာတွေ လာလာကိုက္တာကို ခံနေရတုန်းပဲ...အေးဆေးနေခွင့်ကို မပေးကြဘူး ]

[ အသည်းအသန်တွေပါလား...ကုမ္ပဏီကလျန့်ပေါနဲ့ကိစ္စကိုပဲ ထရှင်းတာနော်...ဟိုဘဲကြီးမပါသေးဘူး ]

' သည်းခံစုယိ...သည်းခံ...နင်ဒီလိုလုပ်လို့မရဘူး '

စုယိက ညာဘက္လက္ကိုဖိကာ သူမကိုယ်သူမကိုယ်တရားချနေသည်။

သူမသည် ယခုအချိန်တွင် weibo၌ ပို့စ်တစ်ဒါဇင်လောက်တင်ကာ ကိုယ်ပိုင်ဘဝအား မည်မျှပင် တိုက်ရိုက်တင်ဆက်ချင်နေကြောင်းကို ကောင်းကင်ဘုံသာသိ၏။

ဥပမာဆိုရသော်-

[ အားလုံးပဲ မင်္ဂလာပါ...ဒီနေ့ ကျွန်မ ချူယင်းနဲ့ တစ်ခုခုလုပ်ခဲ့တယ် ဟဲဟဲဟဲ ] ဟူသောပို့စ်မျိုးပင်။

အတွေးဖြင့်ပင် စုယိမွာ အူမြူးလာတော့သည်။

ထို့နောက် သူမက ဖုန်းကိုပိတ်ကာ စတော်ဘယ်ရီဘူးကိုကောက်ယူလိုက်ပြီး အပြင်ထွက်ရန်ပြင်လိုက်၏။ထိုအခါနံဘေးတွင်ရှိနေသော အန်းရွှမ်က မော့ကြည့်လျက် မေးလာတော့သည်။

" ယိကျဲ...ဘယ္သြားမလို့လဲ "

" ရိုက်ကူးရေးလုပ်နေတာကို သွားကြည့်မလို့ "

He's MineWhere stories live. Discover now