He's Mine😉

342 27 0
                                    

Chapter 9

ကျွန်မ ရှင့်ကားကိုစီးချင်တယ်။

ထိုအခါတစ်ဖက်မှ အမျိုးသမီးသည် ချက်ချင်းပင် ဒေါကန်သွားတော့၏။

"ဘာလဲ...တစ်ယောက်ယောက်ကိုလွှဲချပြီး ထွက်သွားတော့မယ်ပေါ့လေ ဟုတ္စ "

ဘယ်သူကသွားမယ်ပြောလို့လဲ... ဖြေရှင်းပြီးမှသွားမှာ

စုယိကခြေချိတ်ထိုင်ပြီးပြောလိုက်သည်။ထိုအခါဝူရွှယ်က မျက်မှောင်ကြုတ်ကာ ထိုင်နေသောစုယိ၏ နားနားသို့ကပ်ပြီးမေးတော့၏။

"နင်ဘာလုပ်နေတာလဲ...နောက်တစ်ခါ ဂယက်ထချင်နေတာလား...စုယိက လူလည်ခေါင်မှာ ရန်ဖြစ်ပြီး ပွဲကြမ်းပါတယ်ဆိုပြီးတော့လေ "

မဟုတ္ဘူး...သူကငါ့ကို လာစိန်ခေါ်နေတာ..အရောင်းဝန်ထမ်းကို သူ့ဘက်ကစပြီးတော့ အနိုင်ကျင့်တာသာ ပေါ်သွားရင်ဘာဆက်ဖြစ်မလဲကြည့်ကြတာပေါ့ "

စုယိက တစ်ပြားမှမလျှော့ဘဲ လေသံမြှင့်၍ပြော၏။

"ကျွန်တော်တို့ CCTV ကိုစစ်ကြည့်လို့ရတယ်"

တံခါးဝမွ လေသံခပ်တိုးတိုးတစ်ခုထွက်ပေါ်လာသည်။

ရုံးခန်းရှိလူများအားလုံးက ခေတ္တရပ်ဆိုင်းသွားကြပြီး

စုယိမွလြဲ၍ အားလုံးက တံခါးဝသို့လှမ်းကြည့်ကြ၏။

' ဒီအသံက...ဟင့်အင်း မဖြစ်နိုင်ပါဘူး...မဖြစ်နိုင်ဘူးမလား တိုက်ဆိုင်တာပဲနေမှာပါ '

စုယိသည် သူမ၏ဘယ္ဘက္လက္ကို သဘာဝမကျစွာဟန်ဆောင်ပန်ဆောင်ဖြင့် မြှောက်လိုက်သည်။ထို့နောက်ဆံပင်သပ်တင်သလိုလိုနှင့် တံခါးဝသို့ ခိုးကြောင်ခိုးဝှက်ချောင်းကြည့်လေ၏။

ဤသို့ပြောရသည်မှာ ထူးဆန်းသော်လည်း စုယိသည် တစ်ဖက်လူ၏နှဖူးကိုမြင်သည်နှင့် မည်သူမှန်းချက်ချင်းသိရှိသွားသည်။

ထိုသူသည် ချူယင်းအစစ်ဖြစ်နေလေသည်။

ချူယင်းသည် ယနေ့၌ suitကို ဝတ်ဆင်ထားသည်။

စုယိသည် နောက်တစ်ကြိမ်ဆံပင်သပ်တင်၍ ချူယင်းအား မသိမသာထပ်ချောင်းပြန်သည်။

He's MineWhere stories live. Discover now