Chapter 24
ကိုးဆယ့်က်ိုးခုသောပေါက်ကွဲသံ။
ဆယ်မိနစ်ခန့်အကြာတွင် စုယိမွာ ယာဉ်မောင်းထိုင်ခုံ၌ ရှိနေခဲ့၏။ယခုအချိန်၌ သူမထံတွင် ပြောစရာစကားပင် မရှိတော့ပါချေ။
" ဘာလဲ...ကားမမောင်းတတ်ဘူးလား " ချူယင်းက မျက်ခုံးပင့်လျက်မေးလိုက်သည်။
မောင်းတတ်ပါတယ်...ရှင်စမ်းခိုင်းတာက ဒါကိုလား စုယိက အားပျက်နေသောလေသံဖြင့် ခပ္တိုးတိုး မေး၏။
" မင်းက တခြားဘာစမ်းချင်သေးလို့လဲ...ငါ့ကားလား ..."
' ရှင့်ကားမဟုတ်ဘူး...
ရှင့်ကို!!!
ရှင့်ကိုစမ်းချင်နေတာ '
စုယိက မချိပြုံးလေးပြုံးလိုက်ပြီး ထိုင်ခုံကို ချိန်ညှိကာ လီဗာနင်းပြီး အရှိန်ပြင်းပြင်းဖြင့် ထွက်ခွာတော့သည်။
"အရှိန်လျော့ဦးးး...မင်းဟာက မြန်နှုန်းကန့်သတ်ချက်ကျော်နေပြီ " ချူယင်းက မျက်မှောင်ကြုတ်လျက်ပြောသော်လည်း စုယိမွာ ဂရုမစိုက်ပေ။
သူမက ကားစတီယာတိုင်ကိုချိန်ညှိလိုက်ပြီး ရှေ့ကားကို ကျော်တက်ရန်ပြင်လေသည်။
" မကျော်သေးပါဘူး...ကန့်သတ်ချက်က တစ်နာရီမိုင်၅၀နှုန်းမလား....အခုမွ ၄၉ပြည့်ခါနီးလေးပဲရှိသေးတာကို "
တခြားကားတွေရှေ့က မဖြတ်နဲ့လေ... အန္တရာယ်များတယ်
စုယိထံမွ ရယ်မောသံများက ကားထဲတွင် ပဲ့တင်ထပ်နေသည်။
ဟုတ်ကဲ့ပါ ဆရာကြီး
***
ကြောက်မက်ဖွယ်ရာလမ်းခရီးက ပြီးဆုံးသွားခဲ့ပြီး နှစ်ဦးသား ဟိုတယ္သို့ ဘေးကင်းစွာ ပြန်ရောက်လာခဲ့၏။
စုယိမွာ ဟိုတယ်ရှေ့၌ရပ်ပြီး ဆင်းတော့မည့်ဆဲဆဲတွင် ချူယင်းက ပြောလာသည်။
" ကားပါကင်အထိမောင်းသွားလိုက် "
စုယိသည်လည်း ကားအားဦးတည်ရာပြောင်းခဲ့လိုက်ပြီး ကားပါကင်သို့ရောက်ချိန်တွင် ချူယင်းက ထိုင်ခုံခါးပတ်အား ဆွဲဖြုတ်ရင်း ပြောလေသည်။