Chapter 3
တိုက်ရိုက်လှူဒါန်းသည့်နည်းကိုသာသုံးဖို့ ဆုံးဖြတ်လိုက်ပြီး မှတ်ပုံတင်သည့်နေရာသို့ထသွားလိုက်သည်။
ချူယင်း၏ နောက်ကျောကို ချက်ချင်းပင် သူမ သတိပြုမိသွားသည်။သူက မှတ်ပုံတင်သည့်ကောင်တာတွင် တစ်ခုခုအတွက် လက်မှတ်ထိုးနေပုံရသည်။
ကောင်းကင်ဘုံကတောင် သူမကို ကူညီပေးနေတာပဲ။
အချိန်အကြာကြီး ထိုင်နေရတာကြောင့် ခြေဖနောင့်က သိပ်မနာတော့ချေ။ သူမသည် ထိုလူနောက်သို့ အလျင်အမြန်သွားကာ နှစ်ခါပင်မစဉ်းစားဘဲ ထိုလူဖြည့်နေသည့်ဖောင်ကို ချောင်းကြည့်လိုက်သည်။
ချူယင်း (ချူလင်းယုန်)
[ T/N- ဒီနေရာမှာ ချူယင်းရဲ့ ' - ယင်း 'က လင်းယုန်လို့အဓိပ္ပါယ်ရပါတယ် ]
'ကောင်းပြီ၊ ဒီလူရဲ့သူ့နာမည်ကတောင် အတော်လေးကို ခွန်အားကြီးတာပဲ။'
ကျေနပ်မှုအပြည့်ဖြင့် သူမ မော့ကြည့်လိုက်တော့ ချူယင်း၏ အကြည့်တွေနှင့်စုံလိုက်ရသည် ။
သူမ ပြုံးလိုက်သည့်အခါ သူမ၏မျက်လုံးလေးများသည် လခြမ်းကွေးသဏ္႑ာန်ဖြင့်တူပြီး၊ သူမရဲ့ နှုတ်ခမ်းနီရဲရဲနောက်တွင် သွားလေးများသည်လည်း ဖြူဖွေးနေသည်။
"ဟိုင်း ကျွန်မတို့ပြန်တွေ့ကြပြီနော်"
ချူယင်းက ဘောပင်ကိုချလိုက်ပြီး ဘေးကပ်ရပ်လိုက်သည်။
ဟုတ္လား။
ထို့နောက် လှည့်၍ ထွက်ခွာရန် ပြင်လိုက်သည်။
စုယိသည် လက္တစ္ဖက္ကို ထပ္မံ၍ ဆန့်ထုတ်လိုက်ပြန်သည် - ဒီတစ်ကြိမ်တွင်တော့ ထိုလူ၏ လက်မောင်းကို ချက်ခြင်းပင် ဖမ်းကိုင်ပစ်လိုက်သည်။
'ဒီလူရဲ့လက္က ဘာလို့ဒီလောက်တောင် မာနေရတာလဲ။'
သူမက ပြုံးပြီး စောစောက ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်
ချူယင်း၏ အကြည့်က သူ့လက်ပေါ်တွင် ငြိမ်ကျသွားပြီး "မင်း ကျုပ်ကို စောနက ကျေးဇူးတင်ပြီးသားပါ"
ရှင့်ကို ကျေးဇူးတင်လိုက်တာက သိပ်မလုံလောက်လိုက်ဘူး စုယိက ဆက်ပြီးပြုံးပြနေဆဲပင်။