Chapter 10
ဘာလို့အရမ်းသူရဲဘောကြောင်နေရတာလဲ။
ယနေ့ခေတ်ဓားပြများသည် ထူးထူးခြားခြားလက်နက်များမကိုင်ကြတော့ပေ
ထိုအချိန်တွင် ဓာတ်လှေကားတံခါးကပွင့်သွားခဲ့ပြီး တစ်စုံတစ်ယောက်က သူတို့အား အပြင်မှရပ်ကြည့်နေလေသည်။
" စုယိလား ... "
ထိုတစ်စုံတစ်ယောက်မှာ လျန့်ပေါပင်ဖြစ်၏။
"လျန့်ပေါရေ...မင်းရောက်လာတာ အရမ်းကောင်းတာပဲ"
လျန့်ပေါကိုမြင်လိုက်သည်နှင့် ထိုသူကအသံမြှင့်ပြီး တိုင်တန်းတော့သည်။
" ဒီမိန်းကလေးက ငါ့ဆီက ပစ္စည်းလုနေတာကွ "
"ရှင်တို့က တစ်ယောက်နဲ့တစ်ယောက်သိကြတာလား"
"ဟင်....ငါလည်းမင်းလိုပဲ ပါတီတက္ဖို့လာတာ လေ"
မျက်ခုံးထူထူနှင့်တစ်ယောက်က စုယိအားရှင်းပြသည်။
ထိုအခါ စုယိကချက်ချင်း သဘောပေါက်သွားပြီး ကျင်စက်ကို အိတ်ထဲသို့ပြန်ထိုးထည့်လိုက်၏။
" အားနာပါတယ်... နားလည်မှုလွဲသွားတာ...ရှင်တို့နှစ်ယောက်မစီးတော့ရင် ကျွန်မအရင်သွားနှင့်မယ် "
" စီးမွာ စီးမွာ "
လျန့်ပေါက ဓာတ်လှေကားတံခါးကို လက်ဖြင့်အမြန်တားလိုက်၏။
ဓာတ်လှေကားက အပေါ်တက်လာသည်နှင့်အမျှ
စုယိ၏ဖုန်းကအသံမြည်လာပြီး တစ်စုံတစ်ယောက်က WeChatမွ replyပြန်လာလေသည်။
[ ချူယင်း : ဖြေရှင်းပြီးသွားပြီ ]
စုယိ၏မျက်နှာသည် အပြုံးတစ်ခုဖြင့် တောက်ပလာကာ လျန့်ပေါ၏နှလုံးခုန်နှုန်းသည်လည်း အနည်းငယ်ပိုမြန်လာတော့သည်။
"မင်း တကယ်ပဲ ငါတို့နဲ့ အတူမလိုက္ဘူးလား...
ဟိုမွာ အရက်ကောင်းတွေ အများကြီးရှိတယ်"
"မလိုက်တော့ဘူး"
ဓာတ်လှေကားတံခါးက ပွင့်သွားပြီဖြစ်ပြီး စုယိ ခြေတံရှည်များနှင့်တစ်လှမ်းလှမ်းရုံဖြင့် ဓာတ်လှေကားအပြင်သို့ရောက်ရှိနိုင်လေသည်။