He's Mine😉

324 31 0
                                    

Chapter 12

ဇာတ်ညွှန်းကောင်းများမှာ ရှာရခက်ခဲပြီး ဤရင်းနှီးမြှုပ်နှံမှုကို အဘိုးကြီးချူမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရင်းနှီးမြုပ်နှံေqသာငွေပမာဏက သူတို့အတွက်မပြောပလောက်သော်လည်း အခြားရိုက်ကူးရေးအဖွဲ့များနှင့်ယှဉ်လျှင် ဘတ်ဂျက်မှာ ပေါ့သေးသေးမဟုတ်ပေ။

ထိုရန်ပုံငွေပမာဏနှင့် ရိုက်ကူးရေးကိုကြီးကြီးကျယ်ကျယ်ပြုလုပ်မည်ဖြစ်ပြီး ဇာတ်ပို့များသည်ပင်လျှင် ဝါရင့်သရုပ်ဆောင်များဖြစ်ကြလေသည်။

ဒုတိယခေါင်းဆောင်မင်းသမီးနေရာသို့ ရောက်သောအခါ ချူယင်း၏ လှုပ်ရှားမှုများက နှေးကွေးသွား၏။ထိုတစ်ယောက်မှာ မနေ့က လျှိုရှီးနှင့်အတူတွဲတွေ့ခဲ့သည့် ထူကျင့်လန်ဆိုသူဖြစ်သည်။

ချူယင်းသည် စုယိ၏ဖုန်းထဲတွင်မှတ်ထားသော" စုန်းမအိုကြီး"ဟူသည့်တစ်ယောက်ထံမှ ထူကျင့်လန်၏အကြောင်းကို ကြားဖူးခဲ့၏။

ဒီတစ်ယောက်ကို လူရွေးပွဲကနေ ဆုံးဖြတ်ခဲ့တာလား "

ချူယင်းက ဖိုင်တွဲအား စားပွဲပေါ်တွင်ချလိုက်ပြီး ထူကျင့်လန်၏အမည်ကိုညွှန်ပြလိုက်သည့်အခါ လက်ထောက်ကချက်ချင်းပင် သဘောပေါက်သွားသည်။

"မဟုတ်ပါဘူး... လက်ထောက်ဒါရိုက်တာချီရဲ့တောင်းဆိုမှုပါ "

" ဒီဇာတ္ကားကို ရင်းနှီးမြှုပ်နှံတာက ဘယ္သူလဲ "

ချူယင်း၏မေးခွန်းကြောင့် လက်ထောက်က အတွေးများသွားပြီး ခေတ္တစဉ်းစားပြီးနောက် ပြန်ဖြေလာလေသည်။

ကျွန်တော်တို့ ကုမ္ပဏီပါ

"မဟုတ္ဘူး... ငါပဲ"

ချူယင်း၏လေသံက တည်ငြိမ်ပြီး ခံစားချက်မရှိပေ။

သူသည် ဖိုင်ကို အရှေ့သို့ တွန်းလိုက်ပြီး "သူ့မှာ ဒါမျိုးတောင်းဆိုခွင့်မရှိဘူး "

ဘာကိုဆိုလိုတာလဲဗ်

" ဒီပရောဂျက်မှာ အကပ်နဲ့ဝင်လာတာမျိုးကို လက်မခံနိုင်ဘူး "

ထိုတစ်ခါ လက်ထောက်က ဆိုလိုရင်းကိုသဘောပေါက်သွားပြီး ဖိုင်တွဲကိုကောက်ယူလိုက်သည်။

He's MineWhere stories live. Discover now