Chapter 48
"ရှင် လာမယ်လို့ စောစောတည်းက ဘာလို့ မပြောတာလဲ"
မှန်ဗီဒိုအသေးတစ်ခုကို စားပွဲအဖြစ်အသုံးပြုထားပြီး စုယိသည်ခေါက်ဆွဲကို တဖူးဖူး မှုတ်ရင်း မေးလိုက်သည်။
"စောစောသာ ကြိုသိခဲ့မယ်ဆိုရင် ဒီလောက်အကြာကြီး တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် သဘောတူလိုက်မှာ မဟုတ်ဘူး"
ချူယင်း၏ နှုတ်ခမ်းးထက်တွင်နူးညံ့ချိုသာသည့် အပြုံးလေးတစ်ခုကပွင့်ဖူးလာသည်။
" ဒီလိုလုပ်လိုက်ရင် မင်းတကယ်ကို အံ့သြသွားလိမ့်မယ် လို့ သူတို့ကပြောကြလို့"
"ဒါက တကယ်လည်း အံ့သြစရာကြီးပဲ... မနက်ဖြန် ရှင်ပြန်မှာလား"
"ဟုတ်တယ် နေ့လည်ခင်းလေယာဉ်နဲ့လေ"
စုယိ၏ မျက်နှာလေးသည် ချက်ခြင်းပင် ညိုးကျသွားပြီး သူမရဲ့ ခေါက်ဆွဲကို၀ါးနေတာပင် နှေးကွေးသွားတော့သည်။
သူမရဲ့ ပရိသတ်တွေဖြင့် အတူတူပျော်ရွှင်ရတာက အရေးကြီးပေမယ့် သူမအနေဖြင့် ချူယင်းနှင့် အချိန်ပိုကုန်ဆုံးရတာကို ပိုပြီး နှစ်သက်ပေသည်။
“အရမ်းအရသာရှိတယ်”
စုယိသည် သူမရဲ့ခေါင်းကို မော့၍ကြည့်လိုက်သည်။
"ဟမ်~"
"ခေါက်ဆွဲ"
ချုယင်းသည် ထပ်ပြောလိုက်သည်။
“အရမ်းအရသာရှိတယ်”
သူမသည် ဂုဏ်ယူမှုအပြည့်ဖြင့် အမြှီးလေးမြှောက်၍ပြောလိုက်သည်။
“ဒါပဲလေ မီးဖိုချောင်၀င်တဲ့အချိန်ဆို ကျွန်မရဲ့ အရည်အချင်းက အပြစ်ဆိုစရာတစ်ခုမှမရှိဘူး ကျွန်မ ပေကျင်းကို ပြန်ရောက်ရင် ရှင့်အတွက် မန်ချူး ဟန် ဧကရာဇ်ရဲ့ ထမင်းစားပွဲကြီးပုံစံ ချက်ကျွေးမယ် "
“ကောင်းပြီ”
ခေါက်ဆွဲ စားပြီးသွားတော့ စုယိသည် ထရပ်လိုက်ပြီး ပန်းကန်နှင့်တူတွေကိုယူပြီး ဆေးကြောဖို့လုပ်လိုက်သည်။
သူမက စိတ်အလိုမကျနေသည့်ပုံစံဖြင့်မေးလိုက်သည်။
“ဘယ်ဟိုတယ်မှာ ဘွတ်ကင်လုပ်ထားတာလဲ ဝေးလား”