He's Mine😉

381 34 0
                                    

Chapter 7

စုယိတစ်ယောက် သူမလက်ထဲတွင် တင်းတင်းကျပ်ကျပ် ကိုင်ထားသည့် ဖုန်းမှဖြစ်သည်။

ချူယင်းသည် မျက်ခုံးအသာပင့်ကာ ကားကိုဘေးချ ရပ်လိုက်သည်။ ဖုန်းမှ လက်ချောင်းများကို တစ်ချောင်းဆီဖယ်လိုက်ပြီး နောက် 'စုန်းမအိုကြီး' ဟု ညွှန်းဆိုထာသော ဖုန်းမျက်နှာပြင်ကိုမြင်လိုက်ရသည်။

ဖုန်းပြန်မဖြေခင် အချိန်တစ်ခုလောက် သူတုံ့ဆိုင်းသွားမိသည်။

ဖုန်းကိုင်လိုက်ချိန်တွင် ချက်ခြင်းဆိုသလိုပင် သူက စကားအရှည်ကြီးဖြင့် စော်ကားခြင်းခံလိုက်ရသည်။

"အဲ့ဒီ ထူကျင့်လန်က အရမ်းကို အားတက်သရောကြိုးစားနေတာပဲ နင်တို့ လူရွေးပွဲဖြေပြီးတာနဲ့ ချက်ချင်းပဲ Chu Corporation ရဲ့ အကြီးတန်း စီမံခန့်ခွဲသူတစ်ယောက်ကို ဆက်သွယ်လိုက်တယ်လေ သူမကသရုပ်ဆောင်ရဖို့အတွက်ဆို ဘာပဲလုပ်ရလုပ်ရ တကယ်စိတ်မပူတော့ဘူးလား တစ်နေ့ကျရင် သူနဲ့အိပ်ခဲ့တဲ့သူတွေရဲ့ ဇနီးသည်တွေက ဘောလုံးအသင်းဖွဲ့ပြီး မြေကြီးပေါ်မှာ မသေမချင်း ကန်ကျောက်ပစ်ကြမှာကို သူမ တကယ်စိတ်မပူဘူးလားမသ်ိ..."

၀ူရွှယ်ကဆက်ပြောလာသည်။

"ဒါပေမယ့် နင်စိတ်မပူပါနဲ့ ဒီတစ်ခါတော့ 'လျှို့၀ှက်နက်ရှိုင်းသော' ရဲ့ ဇာတ်ညွှန်းရေးတဲ့သူက အရမ်းစည်းကမ်းတင်းကျပ်တယ်တဲ့ Chu Corporationရဲ့မင်းသားလေးနဲ့ အိပ်ရင်တောင်အသုံးမ၀င်ဘူး သူမ ဇာတ်ညွှန်းရေးဆရာနဲ့ မအိပ်သရွေ့ပေါ့

ချူယင်းပြောလိုက်သည်။

"သူမ အိပ်ပျော်နေပြီ"

"အစောကြီးအိပ်တာက သူမစတိုင်မဟုတ်ပါဘူး...ဘူး..."

၀ူရွှယ်ကကြောင်အသွားပြီးမှ ပြန်မမေးခင်အထိ အချိန်အတော်ကြာယူလိုက်ရသည်။

နင် ဘယ္သူလဲ

ချူယင်းကပြန်ဖြေဖို့အတွက်ပျင်းရိလွန်းနေသဖြင့် သူမကိုတည့်တည့်သာမေးချလိုက်သည်။

"သူမမူးနေပြီ သူမရဲ့အိမ္နံပါတ္က ဘာလဲ"

၀ူရွှယ်က အော်ဟစ်ကျိန်ဆဲလိုက်ရင်း နင် ဘာလုပ်ချင်နေတာလဲ ငါ နင့်ကိုကြိုပြောထားမယ်နော် ဘာမှမလုပ်နဲ့..."

He's MineWhere stories live. Discover now