Chapter 8
နောက်တစ်နေ့တွင် အန်းရွှမ်သည် စုယိအား လာနှိုးပေး၏။
အန်းရွှမ်သည် ဝူရွှယ်တောင်းဆိုထားသည့်အတိုင်း မနက္စာကို စီစဉ်ပြီး စားပွဲပေါ်တွင်ချထားပေးသည်။
" ယိကျဲ မနက်စာမြန်မြန်စား... ခဏေန မိတ်ကပ်ဆရာလာတော့မယ် "
"ဒီနေ့... ဘာလုပ္စရာရွိတာလဲ "
စုယိက ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး
အိပ်မှုန်စုံမွှားဖြင့် မေးလိုက်သည်။
" Pasionရဲ့ ဆိုင်ခွဲဖွင့်ပွဲလေ... နာရီဝက်လောက်တော့သွားရမယ် အန်းရွှမ်ကပြန်ဖြေ၏။
စုယိထံ၌ အအိပ်မက်သော အကျင့်ဆိုးမရှိပေ။
သူမသည် အလျင်အမြန်ပင် ငုတ်တုတ်ထိုင်လိုက်သည်။
ထို့နောက် မျက်လုံးကာကိုချွတ်ပြီး ကုတင်ပေါ်မှ ဆင်းလိုက်၏။
မနက္စာ စားပြီးသည်နှင့် မိတ္ကပ္ဆရာ ရောက်လာတော့သည်။မိတ်ကပ်ဆရာသည် ဂေးတစ်ယောက်ဖြစ်ပြီး မိန်းကလေးဆန်ပြီး ညှို့ငင်အားပြင်းသည့် အဝတ်အစား ၀တ်တတ်သည့်စတိုင်ရှိ၏။
သူ၏ေလသံမွာ စုယိထက်ပင် ပိုနွဲ့နှောင်းနေသေးသည်။သူက စုယိ၏ညိုမဲနေသောမျက်အိတ်များကို ကြည့်ပြီးညဉ်းတွားလာသည်။
" ဘယ်ရှိုးမှသွားစရာမရှိဘူးလားဟင်...ဘာလို့မျက်အိတ်တွေက ပြန်ကျလာရတာတုန်း "
" ယုတ္တိရှိအောင်ပြောစမ်းပါ... ဘယ်ရှိုးမှသွားစရာမရှိတာက ဘာစကားလဲ "
စုယိသည် ခုံနောက်သို့မှီလိုက်ကာ မျက်နှာအတွက် ပြင်ဆင်ခြယ်သရန် လိုအပ်သမျှကို ခွင့်ပြုပေးလိုက်သည်။
ဖွင့်ပွဲအခမ်းအနားတက်ရန် ကြီးကြီးကျယ်ကျယ်လုပ်စရာမလိုပေ။စုယိသည် ရိုးရိုးရှင်းရှင်းဝတ်စုံနှင့် နောက်ဆုံးထွက် Pasion အမှတ်တံဆိပ်ဒေါက်ဖိနပ်တစ်စုံကို တွဲဖက်ဝတ်ဆင်ထားသည်။
မိတ်ကပ်ဆရာနှင့် အန်းရွှမ်တို့က သူမနှင့်အတူလိုက်ပါခဲ့ကြလေ၏။အန်းရွှမ်သည် နောက်ရက်အနည်းငယ်အတွင်း စုယိ၏အချိန်ဇယားကိုအသေးစိတ်ဖတ်ရှုနေခဲ့သည်။