He's Mine😉

298 25 0
                                    

Chapter 26

သည်းခံဖို့ခက်ခဲတယ်။

မနေ့ည၌ စုယိမွာ ချူယင်းနှင့် သန်းခေါင်ယံအထိစကားပြောဖြစ်ခဲ့ကြ၏။ပြန်တွေးကြည့်လိုက်ပါက နှစ်ဦးသားစကားပြောသည့်အချိန်မှာ ခပ်နည်းနည်းဖြစ်ပြီး သူမမေးသမျှစစ်တပ်ထဲမှအကြောင်းအရာမျိုးစုံအား ချူယင်းဒိုင်ခံ၍ရှင်းပြနေရချိန်က ပိုများလေသည်။

အသံမက်ဆေ့ချ်များပို့ရခြင်းက အလုပ်ရှုပ်လှသဖြင့် စုယိသည် ချူယင်းထံသို့ တိုက်ရိုက်ပင် ဖုန်းခေါ်ဆိုခဲ့၏။

ဤသည်မှာ မနေ့ညက စုယိ ကောင်းကောင်းမအိပ်ခဲ့ရသည့်အကြောင်းအရင်းများထဲမှတစ်ခုဖြစ်လေသည်။

တစ္ဖက္လူထံမွ လေသံမှာ တိုးညင်းပြီး သူ၏ဇာတ်လမ်းများက ရိုးရှင်းတိကျကာ ခြုံငုံပြောရလျှင် သူပြောပြသည်များကို နားထောင်ရသည်က ကောင်းမွန်ပေ၏။

စုယိမွာ ချူယင်းပြောသောအကြောင်းအရာများ၌ နစ်ဝင်သွားခဲ့ပြီး သတိပြန်ဝင်လာချိန်တွင် သန်းခေါင်ယံအချိန်သို့ရောက်နေခဲ့သည်။

သူမက ချူယင်းအား " အိပ်ချင်နေပြီလား " ဟုမေးမြန်းခဲ့ပြီး ထို့နောက်တွင်ချူယင်းက စကားနှစ်ခွန်းခန့်ပြောကာဖုန်းချသွားခဲ့သောကြောင့် စုယိမွာ ကောင်းသောညပါဟု ပြောရန်ပင်အခွင့်အရေးမရခဲ့ချေ။

chat ထဲ၌ ဤမနက္က စုယိပို့ထားခဲ့သော မက်ဆေ့ချ်က နေရာယူထားသည်။

[ နတ္ဘုရားမ စုယိ : နိုးပြီ...အလုပ်သွားတော့မယ် (ဒီနေ့လည်း စွမ်းအားအပြည့်နဲ့ )jpg ]

[ ချူယင်း : Ngh ]

' Ngh... 'Ngh' တစ္လုံးပဲလား '

စုယိက အချိန်အနည်းငယ်ခန့်တွေဝေသွားပြီးနောက် mirror selfie ဆွဲလိုက်၏။

[ နတ္ဘုရားမ စုယိ : အလုပ်မှာ (ဓာတ္ပုံ) ]

[ ချူယင်း : ကောင်းတာပေါ့ ]

စကားဝိုင်း...ပြီးဆုံး။

စုယိက ဖုန်းကိုပိတ်လိုက်ပြီးပေါင်ပေါ်တွင်တင်ကာ မိတ်ကပ်ပညာရှင်အား လှမ်းပြောလိုက်သည်။

" ဆက်လိမ်းလို့ရပါပြီ "

ဤတစ်ကြိမ် Make up lookမွာ ဆွဲဆောင်မှုရှိသောမျက်ဝန်းတစ်စုံအား အသားပေးထားပြီး ရိုးရှင်းပေါ့ပါး၏။

He's MineWhere stories live. Discover now