He's Mine

300 23 0
                                    

Chapter 32

၀ူရွှယ်သည် အရေးကြီးသောအပိုင်းများကို ရှောင်ထွက်သွားပြီး ကြည့်ရတာ သူမ အများကြီးထပ်ပြောချင်ပုံမရသဖြင့် စုယိ ကလည်း ထပ်မမေးတော့ပေ။

သူမသည် လက်ဆန့်ထုတ်ပြီး ၀ူရွှယ်၏ ခေါင်းကို ပုတ်လိုက်သည်။

"ရွှယ်ရွှယ်လေး နင့်မှာငါ့ကိုပြောစရာတွေများရှိလာခဲ့ရင် ငါ့ရဲ့ကျောကို ငှားပေးနိုင်တယ်နော်"

၀ူရွှယ်က ဟာသဖောက်သည်။

"လစ်လိုက်စမ်း နင့်ရဲ့ကျောပေါ်မှာ ငါက နဂိုတည်းကရှိတယ်မဟုတ်ဘူးလား... အရင်က မလုပ်ချင်ခဲ့တဲ့ လုပ်စရာတွေ အားလုံးကို စိတ်ကျေနပ်သလိုပုံစံနဲ့ လုပ်နေရတဲ့ နင့်ကြောင့် တချိန်က ငါ့မွာ လျှော့လျှော့ပေါ့ပေါ့လေးဖြစ်အောင် ကုမ္ပဏီကို မနည်း စိတ်ကျေနပ်အောင်တောင်းပန်ခယနေခဲ့ရတယ် အခုများတော့ ကောင်းရော သူတို့ နင့်ကို ကြိုက်တာရော မကြိုက်တာရော ဘာမှမစီစဉ်ပေးရဲတော့ဘူး"

စုယိက သူမကို ပွေ့ဖက်လိုက်ချိန်တွင် စီးကရက်ငွေ့ကြောင့် ချောင်းအနည်းငယ်ဆိုးလိုက်ရသည်။

ဟုတ်ပါတယ် ဟုတ်ပါတယ် နင်က ငါ့ရဲ့ နတ္ဘုရားမ သတ္တဂါထာ ငါ့လောကကြီးရဲ့ ကယ်တင်ရှင် နင့်ကို ငါက ဗုဒ္ဓထက် ပိုကိုးကွယ်ချင်တယ် ဟုတ်ပြီလား"

"ဖတ် ဖတ် ဖတ်..."

၀ူရွှယ်က သူမကို ကြိမ်းမောင်းသည်။

"ဒီထက်ကောင်းတာ မပြောနိုင်တော့ဘူးလား ငါကအကျန်းမာကြီးရှိပါသေးတယ် နင်က ငါ့ကိုဘာလို့အရှင်လတ်လတ်ငရဲရောက်အောင်လာလုပ်နေတာလဲ"

သူတို့နှစ်ဦး သည် ၀ူရွှယ်စီးကရက်သောက်လို့ပြီးသည်အထိ စကားစမြည်ပြောဖြစ်ကြသည်။

စီကရက်ဖင်ပကိုဘေးနားက အမွိုက္ပုံးထဲ ပစ်ထည့်ပြီးနောက် သူမကပေါ့ပေါ့ပါးပါးမေးလာသည်။

နင် အပြင်ထွက်တုန်းက ဘာပြဿနာမှ မဖြစ်ခဲ့ဘူးမလား

အပြစ်လုပ်ထားသည့် စုယိက လိမ်လိမ်မာမာလေးခေါင်းယမ်းပြလိုက်သည်။

မဟုတ္တာ ငါတို့က ရုပ်ရှင်လေးသွားကြည့်ရုံပါဟ

၀ူရွယ်က ခေါင်းတစ်ချက်ညိတ်ပြီး သူမကို မောင်းထုတ်လိုက်သည်။

He's MineWhere stories live. Discover now