He's Mine

293 24 0
                                    

Chapter 31

ကောင်မလေးကနည်းနည်းစိတ်လှုပ်ရှားနေလို့ပါ...။

လျန့်ပေါက သူမကို စောင့်နေမှန်း သိသာလှသည်။ သူမကိုမြင်သည်နှင့် သူက သူမဆီသို့ လျှောက်လာသည်။

"စုယိ ကိုယ္တို့ စကားပြောဖို့ လိုတယ်"

လျန့်ပေါ၏ အသံသည် အတော်လေးကိုအလျင်လိုနေပြီး သူမအပေါ် စိတ်တိုနေမှန်း ရှင်းရှင်းလင်းလင်းကြီး မြင်နေရပေမယ့်သူမအပေါ်တွင် ပေါက်ကွဲရန် သတ္တိမရှိပေ။

စုယိက ရပ်တန့်လိုက်ပြီးနောက် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။

သေချာတာပေါ့

လျန့်ပေါသည် တစ်ဖက်မှသူက သူ့ကို ငြင်းပယ်လိမ့်မယ်လို့ တွေးထင်ထားတာကြောင့် ခဏလောက် ရပ်တန့်သွားမိသည်။ မကြာသေးမီက သူ၏စတူဒီယိုသည် သူနှင့်စုယိအကြောင်း အတင်းအဖျင်းများကို ငွေကြေးပေးရသည့်ဘလော့ဂါများစွာနှင့် ဆက်သွယ်ပြီး ပွထအောင်လုပ်ခြင်းဖြင့်သာ အချိန်ကုန်နေခဲ့ရသည်။

သို့ပေမယ့် ဤရက်အနည်းငယ်အတွင်းမှာ အကောင်ကြီးကြီးအမြှီးရှည်ရှည်တချို့က ထို[စီးပွားဖြစ်ဘလော့ဂါများ]သူတို့ကို တရားစွဲဆိုပြီး အကြောင်းပြချက်ကောင်းကောင်းတောင်းဖို့အတွက်ရောက်လာကြသည်။ ထိုကိစ္စကို ကောင်းကောင်းမွန်မွန်မဖြေရှင်းပေးပါက စကားပြောဆိုထားသည့် chatမှတ်တမ်းများနှင့် recordingမ်ားကို ထုတ်ဖော်ပစ်မည်ဟုပင် ခြိမ်းခြောက်လာကြသည်။

ယခင်တုန်းကအခြေအနေသည် ကိုင်တွယ်ဖြေရှင်းရလွယ်ကူသည်၊ အများဆုံးလုပ်ရမည်ဆို၍ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို ရှင်းပြပြီး ' ဟိုလို ဒီလို ဘာညာ ' ဆိုပြီးလျှော်ပစ်လိုက်လို့ရသည်။

သို့ပေမယ့် ယခု စီးပွားဖြစ် အကောင့်ပိုင်ရှင်တွေက သူတို့ကို ပြန်လှန်ကိုက်ချင်နေကြချေပြီ၊ သူအနေဖြင့် ထိုကိစ္စတွေကို လေးလေးနက်နက်ဖြင့် ပြန်မဖြေရှင်းပေးပါလျှင် သူသည် ထိုရေဆိုးကြီးထဲတွင် ပတ်လတ်မျောရပေလိမ့်မည်။

"မင်းရဲ့အခန်းမှာ သွားပြောရအောင် ဒါကပြောရမှာ နည်းနည်းရှုပ်တယ်"

He's MineWhere stories live. Discover now