He's Mine😉

303 26 0
                                    

Chapter 19

ခင်ပွန်းစောင့်ကျောက်တုံး။

" အထဲမဝင်ဘူးလား... တံခါးကြီးမှီပြီး ဘာလုပ်နေတာလဲ "

" ဝူရွှယ်..နင် ခင်ပွန်းစောင့်ကျောက်တုံးဆိုတာကို ကြားဖူးလား "

[ E/Note ]

'ခင်ပွန်းစောင့်ကျောက်တုံး' ဟူသည်မှာ ကမ်းပါးအစွန်တွင်ရပ်၍ လင်ယောက်ျားပြန်အလာကို ခန္ဓာကိုယ်ကျောက်ဖြစ်သည်အထိ နှစ်ပေါင်းများစွာ ရပ်စောင့်နေခဲ့သော အမျိုးသမီးတစ်ဦး၏ ဒဏ္႑ာရီအရ ဆင်းသက်လာခြင်းဖြစ်သည်။

" လောလောဆယ်တော့ နင့်ကျောက်တုံးကိုလုပြီး မိုးပေါ်ထောင် ပစ်ချင်နေတယ်... ဒီနေ့ ကုမ္ပဏီမှာ ဖုန်းတွေဘယ်လောက်ဖြေလိုက်ရလဲ သိလား"

စုယိက အိမ်ထဲသို့ဝင်ကာ slipperတစ်ရံကို ပြောင်းစီးလိုက်သည်။

"ငါက အပြစ်ကင်းဖြူစင်တဲ့ နုနုရွရွလေးလည်းမဟုတ်ဘူး...တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ချင်တာက ဘာဖြစ်နေလို့လဲ...ကုမ္ပဏီက ဒါတွေအထိ ဂရုစိုက်နေတာလား

"ဘယ်လိုဖြစ်ဖြစ် နှစ်ရက်အတွင်း ယောက်ျားလေးနှစ်ယောက်နဲ့ ချိန်းတွေ့ချင်လို့မရဘူးလေဟယ်...တစ်ယောက်ကနာမည်ကြီး နောက်တစ်ယောက်ကသူဌေး... အခု အွန်လိုင်းမှာ ဇာတ်လမ်းဗားရှင်း ဘယ်နှခုထွက်နေလဲသိလား... သုံးပွင့်ဆိုင်နဲ့ ခြံခုန်တာနဲ့ စုံနေတာပဲ...နင့် Weibo ဆို လျန့်ပေါရဲ့ဖန်အုပ်လိုက်ကြီးထဲမှာ နစ်တော့မယ် "

"ဟဲ့ ဒါသူတို့အပြစ်လေ ... သူတို့လူက ငါ့ကိုအရင်လာနွယ်တာပါ့ကော...ဘာလို့ငါ့ကိုလာတိုက်ခိုက်နေကြတာတုန်း...ကိုယ့်အသိစိတ်နဲ့ကိုယ် ထွက်သွားသင့်ကြတာ မဟုတ္ဘူးလား "

စုယိက ဆိုဖာပေါ်တွင် ထိုင်ချရင်းပြောလိုက်သည်။

ဝူရွှယ်တစ်ယောက် ပြောစရာစကားလုံးများ ပျောက်ရှသွားချိန်တွင် စုယိက fake accထဲသို့ဝင်ပြီး သူမ၏Weiboအား စစ်ဆေးနေသည်။

[ ရွံစရာကောင်းတာဟယ်... ဟိုဘောစိကို လွတ်သွားမှာကြောက်ပြီး liveလွှင့်နေတုန်းကြီး ငါတို့လျန့်ပေါကို စည်းတားရတယ်လို့ ... အမွိုက္လိုဟာမပဲ ]

He's MineWhere stories live. Discover now