He's Mine😉

312 19 0
                                    

Chapter 22

ဟေ့လူ...။

စိတ်အခြေအနေကောင်းနေသောစုယိက ထူကျင့်လန်တို့အား တစ်ချက်ပြုံးပြလိုက်ပြီး ဘာမှဆက်မပြောပေ။

ဤသည်မှာ ရိုက်ကူးရေးမစမီတွင် ဇာတ်လမ်းအသွားအလာအား ကြိုတင်ဆွေးနွေးမည့်ပုံမှန်တွေ့ဆုံပွဲတစ်ခုသာဖြစ်ပြီး ဝူရွှယ်ကလည်း အလျင်လိုနေခဲ့သောကြောင့် စုယိသည် ထသြားထလာအဝတ္ကိုသာ ပေါ့ပေါ့ပါးပါးဝတ်ဆင်လာခဲ့၏။

စုယိမွာ ရိုးရိုးအဖြူရောင်တီရှပ်နှင့် မီးခိုးရောင်ဂျင်းဘောင်းဘီအားတွဲဖက်ဝတ်ဆင်ထားပြီး အင်္ကျီအောက်ခြေစအား ဘောင်းဘီထဲထိုးထည့်ထားသောကြောင့် ခြေတံရှည်သောအသွင်အပြင်က ပေါ်လွင်နေသည်။

တစ်ဖက်တွင်လည်း ထူကျင့်လန်မှာ အနီရောင်တောက်တောက်ကြိုးတစ်လုံးဂါဝန်ကိုဝတ်ဆင်ထားပြီး မိတ္ကပ္မ်ား အပီအပြင်ဖို့လာ၏။သူမ၏ လက်ထဲ၌တန်ဖိုးကြီးလက်ကိုင်အိတ်တစ်လုံးရှိပြီး ထူကျင့်လန်မှာ စုဝေးပွဲတက်မည့်သူထက် ကော်ဇောနီလျှောက်တော့မည့်သူနှင့် ပိုတူနေသည်။

ထိုအချိန်တွင် ထူကျင့်လန်၏အနောက်တွင်ပါလာသော လင်းကျဲက စုယိအား ပြုံးပြပြီး နှုတ်ဆက်သည်။

" ယိလေး မတွေ့တာကြာပြီ "

စုယိက လင်းကျဲအား အပေါ်ယံလေး ပြန်ပြုံးပြလိုက်၏။

ထို့နောက် လေးယောက်သား ဓာတ်လှေကား အတူစီးခဲ့ကြသည်။

ဓာတ်လှေကားအတွင်းတွင် ထူကျင့်လန်ထံမှ ခပ်စူးစူးရေမွှေးနံ့က မွှန်ထူနေသောကြောင့် စုယိသည်တစ်လျောက်လုံး အသက်ရှူအောင့်ထားခဲ့ရ၏။ဓာတ်လှေကား တံခါးပွင့်သွားသည့်အချိန်ရောက်မှသာ စုယိတစ်ယောက် အပြင်သို့ချက်ချင်း ပြေးထွက်ပြီး အသက်ဝဝရှူနိုင်တော့သည်။

သရုပ်ဆောင်အားလုံးမှာ ဤဟိုတယ်၌တည်းခိုနေကြပြီး ထုတ်လုပ်ရေးအဖွဲ့မှ စီစဉ်ပေးထားသည့် ကားမ်ားက အပြင်ဘက်တွင်ရှိနေသည်။နေရာထိုင်ခင်းမှာ ဦးသူစနစ်ဖြစ်ပြီး လူပြည့်သွားသောကားက ချက်ချင်းထွက်ခွာမည်ဖြစ်၏။

ပထမကားပေါ်တွင် ခုံနှစ်ခုံကျန်ရှိပြီး စုယိမွ ကားပေါ်တက်ရန်ပြင်လိုက်ချိန်တွင် သူမ၏အနီးတစ်ဝိုက်၌ အနီရောင်အရိပ်တစ်ခုက လွှမ်းမိုးလာခဲ့သည်။

He's MineWhere stories live. Discover now