He's Mine😉

300 24 0
                                    

Chapter 25

တာဝန်ယူမှာမလား...။

"အဲ့ဒီ လျန့်ပေါက တစ်ခုခုလွတ်နေတာလား...သူသွားရှာနိုင်တဲ့ တကယ့်နာမည်ကြီးမိန်းကလေးတွေ အများကြီးရှိတာကို ဘာလို့ငါ့ပဲလာလာဆွဲထည့်နေတာလဲဟ " စုယိက ဝူရွှယ်အားမေးလိုက်၏။

"နင်က ကိုယ့်ဟာကိုယ်အထင်သေးနေတာလား ဒါမှမဟုတ် ငါ့ကို သိက္ခာချနေတာလား...နင်က အဲဒီမိန်းကလေးတွေထက် ကျိန်းသေပေါက် ပိုသတင်းကြီးတာပေါ့...ဖောက်ပြန်လို့မကလို့ ကြက်ဥနဲ့ပဲပေါက်ခံထိထိ နောက်ဆုံးတော့ အရောင်းဝန်ထမ်းတောင် နင့်ကို ထိန်းမနိုင်ဘူးလေ...မနက်ဖြန်ဖွင့်ပွဲမှာလည် နင့်ကို အင်တာဗျူးဖို့ မီဒီယာတွေက တန်းစီနေဦးမှာ....

နင်က ငါ့ကို ချီးကျူးနေတာလား ... ဖဲ့နေတာလား... နားမလည်နိုင်တော့ဘူး "

Weibo ၌ဂယက်ထနေသည်မှာ အောက်ပါအတိုင်းဖြစ်၏။

[ ဖျော်ဖြေရေးနယ်ပယ်မှ သတင်းစုံ v : လျန့်ပေါက စုယိကို followပြန်လုပ်လိုက် ၊ နာကျင်စေပေမဲ့ ခွင့်လွှတ်ပေးနေတာများလား ၊ ဒီကနေ့မှာ လျန့်ပေါရဲ့ပရိသတ်တွေကခွင့်လွှတ်ခြင်းအရောင်ကို ဝတ်ဆင်ထားကြ... ]

စုယိက လက်ချောင်းများကိုရွှေ့လျားကာ သူမ၏ပင်မအကောင့်ဆီသို့ log in ဝင်လိုက်ပြီးနောက် Weibo တွင် တစ်စုံတစ်ရာကို တင်ခဲ့သည်။

[ စုယိ v : ဆောရီးပဲ...ငါနဲ့ လျန့်ပေါက သူငယ်ချင်းတွေ...နင်တို့ခေါင်းတွေက မည်းနက်နေတုန်းပဲ စိတ်အေးအေးထားကြ ]

စုယိ၏ပို့စ်တွင် ဂယက်ထနေသောအကြောင်းအရာနှင့် ဆက်စပ်သည့်အချက်အလက်များပါဝင်နေသဖြင့် အချိန်တိုအတွင်း၌ပင် ကွန်မန့်များက ဆက်တိုက်တက်လာတော့၏။

[ စုယိကို အားပေးနေမဲ့အမာခံဖန် - အဲ့ဘက်ရပ်ကွက်နဲ့ မပတ်သတ်ချင်ဘူး...ငါတို့က ပန်ဒါကောင်တွေနဲ့ မဒိတ်ဘူးဟေ့ ]

[ ငါ့ဖိနပ်ကိုလာမလုနဲ့ - ငါ့နာမည်ကို လာလာ တိုက်ခိုက်ကြတဲ့ လျန့်ပေါရဲ့ဖန်တွေ အများကြီးပဲ ...ငါ့ idolကို ကြိုက်သလိုသာပြော ကိစ္စမရှိဘူး...ဒါပေမဲ့ ဘာလို့ ငါ့လာဆဲနေကြတာတုန်း ]

He's MineWhere stories live. Discover now