*1*

12.6K 677 102
                                    

*ဒေါက်...ဒေါက်...ဒေါက်*

စည်းချက်ညီနေသော ဒေါက်ဖိနပ်သံသည် အိမ်တော်ကြီးတစ်ခုလုံးစီ ပျံ့နှံ့သွားသယောင်။ ပြောင်လက်နေသော ကြမ်းပြင်သည် မျက်နှာပင် ပြန်မြင်ရလောက်သည်အထိ။ ဘေးတစ်ဖက်တစ်ချက်စီတွင် ခေါင်းငုံ့ကာ ရပ်နေကြသော အိမ်အကူ (သို့မဟုတ်) ရှောင်အိမ်တော်ကြီးမှ အစေခံများသည် ရိုသေစွာ ရှိနေကြသည်။

အိမ်တော်ကြီးသည် ကျယ်ဝန်းလှသော ခြံကျယ်ကြီး၏ အလယ်တွက် ခမ်းနားစွာ တည်ရှိနေခြင်းပင်။ ရှောင်အင်ပါယာစု၏ အိမ်တော်ကြီးသည် တရုတ်ပြည်တွင် အခမ်းနားဆုံးသော အိမ်ကြီးတွေထဲက တစ်အိမ်ပင် ဖြစ်ပါ၏။

*ရှောင်းကျန့်ရော*

ပြတ်သားလှသည့် အသံတွင် မာနတွေ၊ အတ္တတွေ ခိုအောင်းနေ၏။ ဂါဝန်နက်ပြာဒူးအတိအား ဒေါက်ဖိနပ်အနက်စွေးစွေးဖြင့် တွဲဝတ်ကာ ဂုပ်ဝဲသာသာ ဆံပင်ပုံစံနှင့် သူမ။ မျက်နှာသည် အသက် ၅၀အရွယ်နှင့် မလိုက်ဖက်အောင်အထိ ငယ်ရွယ်သည်။ ခြေလှမ်းတိုင်းသည် စည်းချက်ညီသည်။ သွားတာ မြန်သည်။ မျက်ဝန်းစူးရှရှတွင် အားလုံးမှာ ဝပ်တွားမိကြသည်အထိ။

*စာကြည့်ခန်းထဲမှာပါ သူဋေး*

သူမသည် ယောင်္ကျားမရှိတော့သော မိန်းမတစ်ယောက်ဖြစ်သည်။ သူမ၏ စည်းစိမ်တွေကို မက်၍ သော်လည်းကောင်း၊ သူမ၏ အလှကို မက်မော၍သော်လည်းကောင်း လာရောက် စကားစသည့် သူများလဲ ရှိပေမယ့် သူမသည် တစ်ချက်ပင်မတွေဝေပဲ ငြင်းလေ့ရှိသည်။

ရှောင်အင်ပါယာစု၏ မိန်းမသား မန်နေးဂျင်းဒါရိုက်တာ တစ်ယောက်ဖြစ်သည့်အလျောက် မလေးမစား ဆက်ဆံခဲ့ဖူးသည့် သူတွေအား သူမမှာ မှတ်လောက်အောင် ပညာပေးခဲ့ပြီမို့ အခုဆို သူမလက်ထဲတွင် မည်သူမှ ခေါင်းပင်မော်မကြည့်ရဲတော့ချေ။

*ရှောင်းကျန့်ရဲ့ အချိန်ဇယားတွေ ပြော*

*မနက် ရှစ်နာရီမှာ အိပ်ယာထရပါတယ်။ ပြီးရင် gym ကစားရပါတယ် သူဋေး။ gymက ပြန်လာမှ ရေချိုး မနက်စာ စားပြီး နိုင်ငံခြားဘာသာရပ်တွေ သင်တဲ့ဆရာတွေ လာပါတယ်။ အဲ့တာတွေပြီးတာနဲ့ နေ့လည်စာ စားချိန်ပါ။ ညနေပိုင်းမှာ စာကြည့်ခန်းထဲက မထွက်တော့ပါဘူး။ ပြီးတာနဲ့ ကျောင်းစာတွေ လုပ်ရပါတယ်*

In a Relationship with Red Flag Guy.!Where stories live. Discover now