*18*

4.1K 486 120
                                    

*မြန်မြန်ဝယ်နော်..အပြန်ကျ ရိပေါ်ဆီ ဝင်ရအုံးမှာ*

*အေးပါကွာ..ငါ ဘာမှတောင်မဝယ်ရသေးဘူး မင်းကလဲ*

*မင်းက လေးလို့ပြောတာ*

သူငယ်ချင်းနှစ်ယောက် မောလ်ထဲ ဝင်ကာစထဲက စကားများနေကြရ၏။ ကျဲ့ရန်က မော်လ်ထဲဝင်ပြီဆိုတာနဲ့ ဝယ်တာက တစ်ခု၊ ဝင်ကြည့်တော့ ဆိုင်ပေါင်းသုံပင်။ စာအုပ်ဆိုင်တွေကအစ သူ မဝင်မကြည့်ပဲ မနေချေ။ အဲ့လိုတွေ သိနေလို မြန်မြန်လုပ်ဖို့ လီရှန်းက အဝင်ကထဲက ကြိုပြောထားခြင်းသာ။

*ဟိတ်ကောင်.! ရပ်ရပ် ဟိုကောင်မလေးကို ကြည့်စမ်း*

*ဘာလဲကွာ.!*

လီရှန်းလက်ကိုဆွဲကာ အတင်းရပ်သည့် ကျဲ့ရန်ကြောင့် လီရှန်းက မျက်ခုံးကြီးကျုံ့ကာ ပြောလာ၏။ ကျဲ့ရန်သည် ရှေ့က စက်လှေကားအပေါ်တက်ခါနီး ကောင်မလေးကို ညွှန်ပြနေခြင်းပင်။

ထိုကောင်မလေးသည် အဖြူရောင် စကပ်အတိုလေးနဲ့ အင်္ကျီခါးတို အဖြူလေးကို ဝတ်ထားခြင်းသာဖြစ်၏။ စကပ်အဖြူအနောက်တွင်တော့ မိန်းကလေးတွေ လတိုင်းဖြစ်နေကျ အရာက စွန်းထင်းနေလေသည်။

နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘယ်လိုလုပ်ကြမလဲဆိုသည့် မေးခွန်းတွေနှင့်။ ကောင်မလေးက ပေစွန်းနေတာကို သိပုံမရသလို သူငယ်ချင်းတွေလဲ ပါပုံမရ။ ကောင်မလေးကို အခြားကောင်အချို့က ကြည့်ကာ ပြုံးစိစိ။ သူတို့နှစ်ယောက် ဘာမှစဉ်းစားမနေတော့ပဲ ထိုကောင်မလေးအနောက်သို့သွားရပ်ရန်ပြင်လိုက်ပေမယ့် သူတို့ထက် ဦးသွားသည့် သူ။

*ဘာလို့နောက်ကျနေတာလဲ ကိုယ် စောင့်နေတာကို*

သူ့ရည်းစားဖြစ်ပုံရသည့် လူတစ်ယောက်က ထိုကောင်မလေးအနောက်ကို သူ့ဂျာကင်ကိုချွတ်ပြီး ခါးတွင် စည်းပေးလိုက်၏။ အခုမှ ထိုကောင်မလေးက သိသွားပုံရကာ မျက်နှာလေးက ရဲစွေးနေလေသည်။

ထိုလူက ထိုကောင်မလေးအနောက်ကနေ မတ်တပ်ရပ်လိုက်ပြီး ထိုလူ့အနောက်တွင်တော့ လီရှန်းနဲ့ကျဲ့ရန်။ အခြားကောင်တွေက သူတို့နောက်မှာဖြစ်ကာ ဘယ်လိုမှ ကောင်မလေးကို မမြင်နိုင်ချေ။

In a Relationship with Red Flag Guy.!Where stories live. Discover now