* Final*

6.9K 480 120
                                    

ရှောင်းကျန့် အချိန်တစ်ခုအထိ စောင့်နေခဲ့သည်။ ရိပေါ် ပြန်လာမှာကို သူ စောင့်နေခဲ့တာ။ သူ မှားခဲ့ရင်တောင် သူ ရိပေါ်ကို အချစ်ကြီးချစ်ခဲ့လို့ မှားခဲ့သည့် အမှားတွေ။ ဒီအမှားတွေကို သူ ပြင်ဆင်ခွင့် ရချင်ပေမယ့် ရိပေါ်က သူ့ကို အခွင့်အရေးမပေးတော့ဘူး။ ဒီနေ့က ရိပေါ်၏ လက်ထပ်ပွဲ။

တကယ်ကို ရိပေါ်နဲ့ သူက ဝေးသွားပြီ။ ပြန်ဆုံဖို့ လမ်းလဲမရှိတော့သလို၊ ပြန်စဖို့ လမ်းလဲ ရှာမတွေ့တော့ဘူး။ သူ ဘယ်လောက်တောင်းပန်ပန် ရိပေါ်က လှည့်ကြည့်တော့မှာ မဟုတ်ဘူး။ သူ့ဘဝအတွတ် အရေးအကြီးဆုံးနဲ့ အမြတ်နိုးဆုံး လူတစ်ယောက်က သူ့ဘဝထဲက ထွက်ခွာသွားခဲ့ပြီ။

သူ့ဆီ မက်မောစရာ၊ ခင်တွယ်စရာဆိုလို့ ဘာမှမရှိတော့ဘူး။ သူ ဒီဘဝကြီးမှာလဲ မနေချင်တော့။ နောက်ဆုံး သူ့အသက်ရင်းပြီး ရိပေါ်ကို သူ သိပ်ချစ်သည်ဆိုတာကို ရိပေါ် ယုံအောင် သက်သေပြခဲ့ချင်သည်။ သူ့အသက်ပေးမှ ရိပေါ် ခွင့်လွှတ်မည်ဆိုရင်တောင် သူ အသက်သေပေးဖို့ အဆင်သင့်ပဲ။

၁၀နာရီဆိုသောအချိန်ကို နာရီလက်တံလေးက ညွှန်ပြနေလေပြီ။ ရှောင်းကျန့်၏ ရင်ဘတ်တွေ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသလို ခံစားလိုက်ရ၏။ ဒီအချိန်ဆို ရိပေါ်က သူ သိပ်ချစ်တဲ့ အမျိုးသားနဲ့ လက်ထပ်ပွဲ ကျင်းပနေလောက်ပြီ။ ရှောင်းကျန့်ဆီ တကယ် ပြန်မလာတော့ဘူး။

ရှောင်းကျန့်၏ မျက်ဝန်းအိမ်တွေတွင် မျက်ရည်တွေက ပြည့်လျှံလာကာ ပါးပြင်ပေါ် ခုန်ဆင်းလာကြ၏။ မျက်သားတွေက ရဲတွတ်နေပြီး လက်ဖျားတွေက တုန်ယင်နေခဲ့သည်။ ရှောင်းကျန့် ထိုင်ရာကနေ လေးပင်စွာ ထလိုက်ပြီး နံရံတွင် ချိတ်ဆွဲထားသည့် Dreamcatcher လေးကို ယူသည်။ သူ မပတ်ရက်လို့ သိမ်းဆည်းထားသည့် နာရီဘူးလေးကို ထုတ်ယူကာ လက်နဲ့အသာအယာ ပွတ်သပ်လိုက်၏။

နွေးထွေးသွားသည့် ခံစားချက်က ရိပေါ် သူ့ကိုပေးခဲ့သည်ဆိုသော အမှတ်တရလေးဖြင့်။ သူ ရိပေါ်ကို သဘောကျလွန်း၍ ရိပေါ်မသိအောင် ရိပေါ် လိုချင်တာလေးတွေ တိတ်တဆိတ် ဖြည့်ဆည်းပေးခဲ့ဘူးသည်။ သူ ပေါ်တင်ကြီးသွားပေးဖို့ကျ သူရှက်တတ်တာကြောင့်လဲပါ၏။

In a Relationship with Red Flag Guy.!Where stories live. Discover now