ကျေးဇူးတင်လွှာ

2.7K 395 142
                                    

နောက်ဆုံးတော့ ကျွန်တော် အချိန်အကြာကြီးယူပြီး ရေးရတဲ့ Ficတစ်ပုဒ် ပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော့်တာဝန်ကြီးလဲ ကျေပွန်သွားသလို ခံစားလိုက်ရပါတယ်ဗျာ။ စိတ်အဆင်မပြေဖြစ်ပြီး Unpublished လုပ်ခဲ့မိတဲ့အတွတ်လဲ ဒုတိယအကြိမ်အဖြစ် တောင်းပန်ပါတယ်ဗျာ။

ကျွန်တော် စိတ်အလိုလိုက်ပြီး OC ဘက်ပြောင်းလိုက်တော့မယ်ဆိုပြီး တွေးလိုက်မိတယ်။ တကယ်တကယ်က ကျွန်တော်ကမှ လူထူးဆန်း။ OC ကနေ Fanfic ဘက်ကိုကူးပြောင်းလာတာ။ Fanficက များသောအားဖြင့် သိပ်မဖတ်ကြတော့ဘူး။ ဖတ်တဲ့လူနည်းစုလေးတောင်ဗျာ Fandom တွေကွဲနေတော့ မတူကြဘူးပေါ့။ OCက ၁၀မှာ ၈ယောက်လောက်ဖတ်ကြတယ်။ ဒါပေမယ့်ပေါ့ ကျွန်တော် ဒီရပ်ဝန်းကို မထားခဲ့နိုင်ဘူး။

ဒီလူနည်းစုလေးက ကျွန်တော့်ကို စောင့်နေတာ။ အချို့ဆိုဗျာ Fanfic မဖတ်ရင် ဖတ်စရာမရှိတော့ဘူး။ အဲ့လိုလူတွေအတွတ် ကျွန်တော်တည်ရှိနေတာပါ။ Viewလဲ အများကြီးမလို၊ vote လဲအများကြီးမလို၊ comment လဲ အများကြီး ကျွန်တော့်အတွတ် မလိုအပ်ပါဘူး။ အဲ့တာတွေလိုချင် ကျွန်တော် OCဘက်လုံးဝပြောင်းချပစ်မှာပေါ့။ ဘာကန့်သတ်ချက်မှလဲမရှိသလို ရေးချင်သလို ရေးလို့ရတယ်လေ။ ဒါပေမယ့် ကျွန်တော့်အပေါ် တကယ်မျှော်လင့်ပြီး နွေးထွေးပေးတဲ့ ဒီလူနည်းစုက ကျွန်တော့်မိသားစုလိုဖြစ်နေတဲ့အတွတ် မပစ်ပယ်ရက်ပါဘူး။

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျွန်တော့်ကို စောင့်ပေး၊ ချစ်ပေးကြတဲ့ စာဖတ်သူတိုင်းကို ကျွန်တော့်ဘက်ကလဲ ချစ်တယ်ဆိုတာထက်ကို ပိုပါတယ်ဗျာ။ ကျွန်တော့်ဘက်ကလဲ တစ်စုံတစ်ခု စာဖတ်သူတွေအပေါ် မှားခဲ့တာများ ရှိခဲ့ရင် ဒီကနေပဲ တောင်းပန်ပါရစေခင်ဗျာ။

ကျွန်တော် ဘယ်အချိန်ပြန်လာမလဲမသိပေမယ့် ပြန်လာရင် အသစ်ကလေး အပါခေါ်ခဲ့ပါမယ်ဗျာ။

Saturday, Dec_16; 11:08 P.M






Saturday, Dec_16; 11:08 P.M

You've reached the end of published parts.

⏰ Last updated: Dec 16, 2023 ⏰

Add this story to your Library to get notified about new parts!

In a Relationship with Red Flag Guy.!Where stories live. Discover now