*10*

4K 500 63
                                    

*ရှောင်းကျန့် ဒီရက်ပိုင်း ဘာတွေလုပ်နေသလဲဆိုတာ အကုန်စုံစမ်းပေးထားပါ။ ဂျပန်က ပြန်မလာခင် ရှောင်းကျန့် ဘာတွေလုပ်နေသလဲ သိချင်တယ်*

ရှောင်သခင်မကြီးသည် အတွင်းရေးမှူးထံ ဖုန်းဆက်ပြီးသည်နှင့် သူမ၏ ဖုန်းထဲသို့ ရောက်လာသော ပုံတွေကို ကြည့်နေမိ၏။ သားအနားတွင် ကောင်လေးတစ်ယောက်က အမြဲကပ်နေသည်။

သားကိုယ်တိုင်ကလဲ ထိုကောင်လေး စကားပြောနေသည့်အခါ ငြိမ်ကာနားထောင်နေသည့်ပုံစံရှိ၏။ သားရဲ့အခုလို အပြုအမူတွေကို မတွေ့ရတာ ဘယ်လောက်ကြာပြီမို့လို့လဲ။ သူမထပ်ပြီး ဒုတိယအကြိမ် အမှားအယွင်းမခံနိုင်ပေ။

ပြီးတော့ သားက သူတို့ထွက်မယ့်ခရီးစဉ်အတွတ် အားလုံးအကုန်အကျ ခံခဲ့သည်တဲ့။ သူမဆီကိုတောင် သတင်းမပို့ချေ။ အခုက သူမ၏ လူယုံပြောပြမှ သိရသည့် အဖြစ်။

*ဘာတွေလုပ်နေသလဲ ရှောင်းကျန့်..မေမေ သားကို တစ်ခုခုမှ အမှားအယွင်းမခံနိုင်ဘူးနော်*

သူမ အတွေးတွေက အတိတ်ဆီ အလည်သွားကြည့်မိသည့်ခန သူမ ရင်တွေမွန်းကြပ်သွားခဲ့ရသည်။ သားက သူမနဲ့ ယှဉ်ပြီး ထိုမိန်းကလေးကို ရွေးချယ်ခဲ့သည်။ သူမ ဘယ်လိုပင် ဖျက်ဖျက် မပြတ်ခဲ့ပေ။ ဒါပေမယ့် သူမမှာ လျှို့ဝှက်ချက်တစ်ခု ရှိလို့သာ သားကို သူမ ပြန်ပိုင်ဆိုင်လိုက်ရတာ။

မဟုတ်လျှင် သားဟာ သူမနဲ့အဝေးမှာ ရောက်နေလောက်ပြီ....။

_________________________

မနက်စာ စားနေသည့် ရိပေါ်မှာ မှိုင်တွေနေပြန်သည်။ ထိုပုံစံကို ကြည့်ပြီး ဒေါ်လေးက သက်ပြင်းချ၏။ ရိပေါ်ကို ဒီလိုပုံစံနဲ့ပဲ မြင်နေရတာက စိတ်မသက်မသာ ဖြစ်စေသည်။ ဘာဖြစ်လို့လဲ ပြောဆိုတော့လဲ တစ်ခွန်းပင် မဟပါချေ။

*ဒေါ်လေး..ဒီနေ့ ဘယ်မှမသွားရဘူးလား*

*မသွားရဘူးလေ..ပြီးရင် သားအဝတ်တွေလျှော်၊ မီးပူတိုက်ရုံပဲ ရှိတော့တာ*

*ဟုတ်*

ရိပေါ် လေးလေးပင်ပင်ကြီး ပြန်ပြောကာ စားလက်စကိုရပ်ပြီး အပေါ်ကို တက်ခဲ့လိုက်သည်။ ဒေါ်လေးကို အားနာပေမယ့် သူ ဒီရက်တွေ တကယ်အဆင်မပြေတာမို့ ဘယ်သူနဲ့မှ စကားမပြောချင်ပါ။

In a Relationship with Red Flag Guy.!حيث تعيش القصص. اكتشف الآن