*5*

3.9K 502 75
                                    

ရိပေါ် ကိုကို့ကို မြင်သည်နှင့် ထိုနေရာသို့ ပြေးသွားလိုက်သည်။ ဒီနေ့က ကျောင်းပေါင်းစုံ ပြိုင်ပွဲရှိ၏။ ထိုတွင် ကိုကိုက ဘတ်စကတ်ဘောရော၊ ကျောင်း၏ ကိုယ်စားပြု ကျောင်းသားအနေဖြင့် ဆွေးနွေးကာ ဘာသာရပ်အလိုက် ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ရှိ၏။

ရိပေါ်ကတော့ ဘတ်စကတ်ဘောတွင် အရံတောင်မပါချေ။ အကိုတွေအားလုံးက သင်ပေးပေမယ့် ရိပေါ်ကိုယ်တိုင်က ထိုအားကစားကို သဘောမကျ၍ပင်။ အခုလဲ အကိုတွေက ပါမလားဟု ပြောပေမယ့် ရိပေါ်က ငြင်းလိုက်ခြင်းပင်။

ရိပေါ်အတွတ်ကြောင့် ဘယ်သူ့ကိုမှ အခက်အခဲမဖြစ်စေချင်သလို၊ မရှုံးနိမ့်စေချင်ပါ။

*ရိပေါ်.!*

ရိပေါ်၏ ပုခုံးအား အနောက်ကနေ ပုတ်ခေါ်ခြင်းကို ခံလိုက်ရ၏။ ရိပေါ် လှည့်ကြည့်လိုက်တော့ ဘတ်စကတ်ဘောအသင်းထဲက အကိုတစ်ယောက်။ ရိပေါ် နာမည်မသိပေမယ့် ရုပ်က တန်းမိနေသည်မို့ ရယ်ပြလိုက်သည်။

ထိုအကိုနောက်တွင်လဲ သူငယ်ချင်းတွေပါသေး၏။

*ဘယ်သွားမလို့လဲ ရိပေါ်..ပြိုင်ပွဲက နီးနေပြီလေ မကြည့်ဘူးလား*

*ကြည့်မှာလေ..အခုက ဟို..ရှောင်းကျန့်ဆီ သွားမလို့*

ကိုကို့ဆီ လက်ညှိုးလေးထိုးကာ ဆိုလိုက်၏။ ထိုအကိုက ရိပေါ်၏ ခေါင်းလေးကို ခပ်သာသာပုတ်လိုက်၍ ရိပေါ် ပြုံးကာ ပုခုံးလေးက မသိမသာ ကျုံ့သွားသည်။

*ဒါဆို အကိုသွားတော့မယ်နော်။ ရိပေါ် လာအားပေးမယ်မဟုတ်လား*

*လာရမှာပေါ့..ကျွန်တော် လာမှာပါ*

ရိပေါ် လက်မလေးထောင်ပြကာ ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။ ထိုအကိုက သဘောကျသလို ရယ်ပြီး ရိပေါ်၏ ခေါင်းကဆံပင်တွေကို ဖွသွားလေသည်။

ရိပေါ် ထိုအကိုကျော်တက်သွားသည်နှင့် ကိုကို့ဆီ ပြေးသွားလိုက်သည်။ ကိုကိုသည် locker ထဲသို့ ပစ္စည်းအချို့ထည့်နေရင်း မျက်နှာကြီးက တည်ထား၏။

ရိပေါ် လက်ထဲတွင် ကိုင်ထားသော မျက်နှာသုတ်ပုဝါနှင့် အချိုရည်ဘူးလေးကို ဖျစ်ညှစ်လိုက်သည်။ ရိပေါ် သိခဲ့သည့်တစ်လျှောက် ကိုကို ထိုမျှလောက်ထိ တည်တင်းနေတာမျိုး မတွေ့ဖူးပါချေ။

In a Relationship with Red Flag Guy.!Where stories live. Discover now