*24*

3K 330 24
                                    

*ဝယ်ပြီးရင် ကိုယ် အိမ်ပြန်ရမယ်။ ဒီနေ့ ရာထူးအပြောင်းအလဲရှိတော့ မေမေက တရုတ်ကို ပြန်လာမှာ*

*ဘာရာထူးအပြောင်းအလဲလဲ ကိုကို*

ရိပေါ်သည် လက်ထဲမှ ဖုန်းကို ကိုကို့ဆီ ထိုးပေးရင်း ပြောလိုက်၏။ ကိုကိုက ရိပေါ် ဟိုအမျိုးသမီးနဲ့ တွဲနေတာ မကြိုက်ပါဘူးဟု ဆိုသဖြင့် ရိပေါ်ဆီကို အမြဲတမ်းနီးပါး ကိုကို့ဖုန်းကို ပေးထားတတ်လေသည်။

ရိပေါ် စိတ်ထဲ သံသယကင်းသည်တော့ မဟုတ်ပေမယ့် ကိုကို့ကိုတော့ ပြဿနာ မရှာမိတော့ပါ။

*ဝန်ကြီးချုပ်နေရာလို့ ပြောတယ်။ လူငယ်ပဲလို့ ကိုယ်ကြားတာပဲ*

*ဟုတ်လား..ကျွန်တော်အဲ့ဘက်ကျ စိတ်မဝင်စားတော့ မသိတာထင်တယ်*

ရိပေါ် တကယ်ကို မသိပါ။ မကြားမိတာတော့ မဟုတ်ပေမယ့် သတိမထားမိတာဖြစ်သည်။ အဲ့လောက်ထိလဲ နိုင်ငံရေးထဲ ထဲထဲဝင်ဝင် မရှိပါ။

*ကိုကို့ကို လက်ဆောင်ဝယ်ပေးမှာလေ*

ရိပေါ် နာရီဆိုင်အရောက် ကိုကို့လက်နဲ့ လိုက်မယ့်အရောင်လေးကို ရွေးချယ်ကာ ဝယ်လိုက်သည်။ ဈေးက ငါးသိန်းလောက်တော့ ပေးရ၏။ ရိပေါ် မနှမြောမိပါ။ ရိပေါ်ကိုယ်တိုင်က ကိုကို့အဖို့ဆိုရင်ကို အမြဲဖြည့်ဆည်းပေးချင်နေတာပင် ဖြစ်သည်။

*ဒါက ကိုယ်ပြန်ဝယ်ပေးတာ*

ရိပေါ်ဖို့ နာရီလေးတစ်လုံး။ ရိပေါ် ပျော်ရွှင်သွားရကာ ကိုကို့ကို ရယ်ပြလိုက်ပြီး

*ကျေးဇူးတင်ပါတယ် ကိုကို*

ကိုကိုက သဘောကျသလိုလေး ရိပေါ်၏ ဦးခေါင်းကို ပွတ်သပ်ပေး၏။ ဒါက ကိုကို့ဆီမှ ရိပေါ်ရသည့် ပထမဦးဆုံးသော လက်ဆောင်လေးဖြစ်သည့်အလျောက် ရိပေါ် တန်ဖိုးထားသည်။ ကိုကိုနဲ့ အရောင်လေးကပါ ဆင်တူဖြစ်ပြီး ရိပေါ်လက်နဲ့ ကိုကို့လက်လေးက သိသိသာသာ အရွယ်အစား ကွာဟနေတော့ ချစ်စရာလေး ဖြစ်နေသည်။

*အဲ့လောက်တောင် ပျော်လား*

တပြုံးပြုံး ဖြစ်နေသော ရိပေါ်ကို ကြည့်ကာ ရှောင်းကျန့်က မေးလိုက်ခြင်းပင်။ ရိပေါ် ခေါင်းလေး တဆက်ဆက် ညိတ်ကာ လက်ကလေးကို မြှောက်ကြည့်ရင်း

In a Relationship with Red Flag Guy.!Where stories live. Discover now