*25*

3.3K 350 64
                                    

အလိုလိုသိစိတ်ဆိုတာ အရမ်းချစ်တဲ့လူတွေ၊ စိတ်ရော ကိုယ်ပါ ကိုယ်အရမ်းချစ်ရတဲ့လူ၊ မြတ်နိုးတဲ့လူတွေဆီကို အပ်ထားတဲ့သူတွေသာ ခံစားလို့ ရသည့်အရာလား ရိပေါ် မပြောတတ်ဘူး။ ဒါပေမယ့် ရိပေါ်စိတ်ထဲမှာ ကိုကိုနဲ့ပတ်သတ်ပြီး မတည်မကျ ဖြစ်နေတဲ့အရာဟာ သိပ်မကြာဘူး ရိပေါ် ထင်တဲ့အတိုင်း ဖြစ်နေတတ်တာပဲ။

ထိုလိုအရာဟာ တစ်ခါလဲမဟုတ်၊ နှစ်ခါလဲ မဟုတ်ချေ။ ကိုကို ရိပေါ်ကို လိမ်နေရင်တောင် ရိပေါ် မသိစိတ်ကနေ ကိုကို ညာနေမှန်း သိနေတာမျိုး ဖြစ်သည်။ ဒီရက်ပိုင်းဆို ပိုဆိုး၏။ ရိပေါ်တို့ကျောင်းက final exam နီးပြီမို့ ပိတ်ထားလေပြီ။ မကြာခင် ရိပေါ်တို့ စာမေးပွဲဖြေကြပြီး နောက်လဆို ဘွဲ့နှင်းသဘင် ဖြစ်သည်။ ရိပေါ်တို့တွဲလာကြတာလဲ တစ်နှစ်ပြည့်တော့မည်။

အချိန်တွေ ကြာလာသည်နဲ့အတူ အရင်ကထက် အေးစက်လာသည့် ကိုကို့ဆက်ဆံရေးတွေ။ ပုံမှန် ရိပေါ်ဆီကို စာပို့နေကြအချိန်တွေထက် ကိုကို တစ်နာရီလောက် ညပိုင်းတွေဆို နောက်ကျတတ်လာသည်။ ၁၂ထိုးခါနီးမှ တခါတလေ ရောက်လာတတ်တာ။ ရိပေါ် ထိုအချိန်ထိလဲ စောင့်နေကာ ကိုကိုနဲ့ စကားပြောပြီးမှသာ အိပ်တတ်၏။

ရိပေါ် ဖုန်းခေါ်လျှင် ကိုကို မအားတော့ဘူး။ ရိပေါ် ပြောလျှင် အလုပ်တွေရှူပ်နေသည်၊ မအားဘူးဆိုသည့် အကြောင်းပြချက်ဖြင့်။ ဒါပေမယ့် ဟိုအမ တင်ထားတာတွေကို ကြည့်လျှင် ထိုအချိန်မှာ ကိုကိုဟာ ထိုအမနဲ့ ရှိနေတတ်တာကို ရိပေါ် သိနေ၏။

ရိပေါ် သက်သေနဲ့တကွပြလျှင် ကိုကိုက မကောင်းတတ်လို့ဟု ညာသည်။ ရိန်းပါသည်ဟု လိမ်သည်။ ရိပေါ် ရိန်းကို မသိမသာမေးလိုက်ကြည့်တိုင်း ရိန်းက ထိုအချိန်တွင် အခြားနေရာမှာ ရှိနေတတ်တာကို ရိပေါ် သိခဲ့ရသည်။ ရိပေါ် ကိုကို လိမ်နေမှန်း သိတာတောင် ဖွင့်မပြောရဲ။ ရိပေါ်ကို ထားခဲ့ပြီး ထိုအမကို ရွေးချယ်သွားမှာ ကြောက်သည်။ ကိုကိုက မကျေနပ်လျှင် သူ့ဆီသွားမေးဟု ဆိုခဲ့သေးသည်။

ရိပေါ်မလုပ်ရဲခဲ့ပါ။ တစ်ယောက်ထဲသာ ကိုကို့ကို စိတ်ကောက်ပြီး၊ စိတ်ဆိုးပြီး၊ ဝမ်းနည်းပြီး ညတွေဆို အိပ်မပျော်ခဲ့တာ။ ကိုကိုကတော့ ရိပေါ်ကို ချော့တောင်မချော့ခဲ့ပါချေ။ ရိပေါ် သည်းခံသည်။ ရိပေါ် မသိယောင်ဆောင်သည်။ တစ်ခါတလေ ဖွင့်ဟခဲ့ပေမယ့် ကိုကို့ဆီက ရခဲ့သည်က ဂရုမစိုက်မှုတွေသာ။

In a Relationship with Red Flag Guy.!Where stories live. Discover now